အပိုင်း (၂၀)

2.1K 203 16
                                    

ကောင်ငယ်လေးမရှိပါပဲနိုးထလာသည့်မနတ်ခင်းတစ်ခုမှာ လူသားတစ်ဦး၏စိတ်ထဲမှာတော့အလိုမကျမှုများစွာကပ်ပါနေတော့၏။သူ့ကိုမပြောပါပဲရုတ်တရက်ကြီးဒယ်ဂူသို့ထွက်သွားသည့်အတွက်ကြောင့်ပိုလို့ပင်အလိုမကျဖြစ်သည်။ထိုကောင်လေးသည်သူပိုင်သည့်လူသားတစ်ဦးဖြစ်သည်မို့ ထိုကောင်လေးပြုမူသမျှဟာသူ့ခွင့်ပြုချက်ရမှပြုမူရမည်ဟု ထိုလူသားကသတ်မှတ်ထားခြင်းဖြစ်၏။

သို့ပေမဲ့ ကောင်လေးပြောဖို့ကြိုးစားခဲ့သည်ကိုတော့ ထိုလူသားကသိမည့်ပုံတောင်မပေါ်ချေ။

" ဒီနေ့လည်းသူပြန်မရောက်ဘူးလား အာဂျီးမားကင်မ် !?"

ထမင်းခန်း၏အ၀မှဩရှရှအသံလေးထွက်လာခဲ့သည်။တည်ကြည်မျက်နှာလေးနှင့် ထမင်းစားပွဲ၏ထိပ်တွင်၀င်ထိုင်ကာ အာဂျီးမားကင်မ်အားမေးခွန်းထုပ်လာသည့်လူသားဖြစ်၏။

" ဟုတ်ကဲ့ အကိုလေးကင်မ် ။ ညနေလောက်ပြန်ရောက်မယ်လို့ဖုန်းဆက်ထားပါတယ် "

ဒယ်ဂူ၏ဘိုးဘွားရိပ်သာလေးတွင် Volunteerလုပ်ရင်းအလုပ်ရှုတ်နေသည့်ကောင်လေးကဆိုးလ်သို့ညနေလောက်မှပြန်ဖြစ်မည်ဟု အာဂျီးမားကင်မ်အားဖုန်းဆက်ထားခြင်းဖြစ်၏။ဤသည်ကိုမသိသည့်လူသားကတော့ ကောင်လေးအားစိတ်အလိုမကျစွာအပြစ်တင်ဖို့အတွက်မေးမြန်းနေတော့၏။

" ဒါဆို ညစာကိုသူပြန်လာရင်ချက်ခိုင်းလိုက်ပါ ။ ညနေကျနော်ပြန်လာရင် သူညစာချက်ထားပြီးပြင်ဆင်ထားတာမြင်ချင်တယ်လို့ ပြောလိုက် !"

" ရှင် ... ! အကိုလေးကင်မ်က အကိုလေးဂျွန်ချက်တာမစားဘူးမဟုတ်လား ?"

" ကျနော်ချက်ခိုင်းဆိုချက်ခိုင်းလိုက်ပေါ့ ! ဘာလို့ပြန်မေးနေရတာလဲ ?"

" ဟုတ် ဟုတ်ကဲ့ပါ ... အကိုလေးကင်မ် "

အာဂျီးမားကင်မ်အားစိတ်အလိုမကျမှုတွေပုံချကာ အော်ငေါက်ရင်းထိုလူးသားက၀ုန်းခနဲဆိုသလိုထပြီး ထမင်းစားခန်းထဲမှထွက်သွားခဲ့၏။အော်ငေါက်ခံရသည့်အာဂျီးမားကင်မ်မှာတော့ခန္ဓာကိုယ်လေးကိုကြုံ့ကာ ထိုလူသားထွက်သွားပြီးသည့်တိုင်အောင်ခေါင်းငုံ့ထားမိသည်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now