🍀

3.6K 386 57
                                    

ဒါလေးကတော့ Unconditional Love
လေးနဲ့ပတ်သက်ပြီး တောင်းပန်တာ၊ကျေးဇူး
တင်တာနဲ့ စာရေးသူရဲ့ ခံစားချက်ပိစိကွစိ
လေးတွေပေါ့။

ULလေးကို ဟိုးအစကနေ အခုဇာတ်သိမ်း
ပိုင်းအထိ အတူတူခံစားဖတ်ရှုပေးတဲ့ တစ်
ယောက်ချင်းစီကိုကျေးဇူးအများကြီးတင်
ပါတယ်။ ကတိမတည်နိုင်ဆုံးနဲ့ လိုအပ်ချက်
တွေအရှိဆုံးလေးမို့လို့လဲ ဖတ်ပေးတဲ့ကလေး
တွေကို အများကြီးအားနာရပါတယ်။
ဇာတ်က မင်္ဂလာဆောင်ဖို့ပဲကျန်တာဆိုတော့
စိတ်ဝင်စားစရာမရှိတော့ဘူးထင်ပြီး ရေးရ
တာကြာနေတာလဲပါပါတယ်။

ကလေးတွေက အမြဲလိုလို ချစ်တဲ့မျက်စိနဲ့
ကြည့်ပေးတော့ လိုအပ်ချက်တွေကို မမြင်
ကောင်း မမြင်နိုင်ပေမဲ့ အစ်မက ရေးတဲ့သူမို့
ကိုယ်ရေးတာ ဘယ်နားလိုနေလဲ သေသေ
ချာချာသိပါတယ်။ ဒါကြောင့်အများကြီး
အားနာရပါတယ်။

နောက်ထပ်ကတော့ အဓိကဇာတ်ကောင်လေး
နှစ်ယောက်အကြောင်းပေါ့၊

Jungkookနဲ့ပတ်သက်ပြီး အရင်ပြောပြချင်
တာက တချို့စာဖတ်သူတွေ စိတ်ထဲမှာ
Jiminဘက်က အတင်းလိုက်ကပ်နေရတယ်
ဆိုပြီး ထင်ကြတာမျိုးရှိလောက်တယ်။
အဲ့လို Commentလေးတွေတွေ့မိလို့ပါ။

ဒါလေးက ဦးဂျွန်ရေးပြီးတစ်နှစ်နီးပါးကြာ
ပြီးတဲ့အချိန်မှာရေးဖြစ်ခဲ့တာပါ။ ဦးဂျွန်မှာ
ကျတော့ Jiminက ဆိုးတယ် ...JKက အစစ
အရာရာ အလိုလိုက်ပြီး အထိခိုက်မခံနိုင်
အောင်အများကြီးချစ်ပေးခဲ့တာမို့ ဒီတစ်ခု
မှာတော့ Jiminဘက်က ခံစားချက်ကိုပိုပေါ်
စေတဲ့ပုံစံမျိုးကို ရေးချင်ခဲ့တာကြောင့်
ဒီPlotကိုရွေးဖြစ်ခဲ့တာပါ။

Jungkookက အသက် ၂၉နှစ်အရွယ် ၊
အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုကို
ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ထားတဲ့ ဆရာဝန်
လေးတစ်ယောက်ပါ။ ဘေးလူအနေနဲ့ကြည့်
မယ်ဆိုရင် ငယ်ဘဝက သနားဖို့ကောင်းပေမဲ့
နိမ့်ပါးတဲ့အဆင့်အထိတော့မရောက်ပါဘူး။
Jungkook ကိုယ်တိုင်ကကျတော့ အမေနဲ့
၇နှစ် ၈နှစ်အရွယ်အထိနေလာပြီးမှ မိဘမဲ့
ဂေဟာကိုရောက်လာရတော့စိတ်ဒဏ်ရာ
လေးနဲ့ သိမ်ငယ်စိတ်လေးရှိနေတာပေါ့။

Unconditional LoveWhere stories live. Discover now