🍒 7 🍒

7.4K 1K 113
                                    

Unicode

"ဘယ်တုန်းကရောက်နေတာလဲ"

ဟု အမေးစကားဆိုရင်း TaeHyungက အိမ်ထဲ
သို့ဝင်လာခဲ့ပေမဲ့ Jimin ဆီကအဖြေစကားကို
တော့ စောင့်မနေခဲ့ပေ။

အခုလိုမျိုး စိမ်းသက်သက်အခြေအနေတစ်ခုက
နှစ်ယောက်ကြား အနေရခက်စေသည်။ မနက်
ခင်း မုန့်ပို့ပေးတဲ့အချိန်ကလွဲရင် စကားကောင်း
ကောင်း မပြောဖြစ်တာလဲ တစ်ပတ်လောက်ရှိ
ပြီ။

TaeHyungရေချိုးခန်းထဲဝင်သွားတဲ့အချိန်မှာ
Jiminလဲ မီးဖိုချောင်ထဲက ပြင်ဆင်လက်စအဆာ ပလာတို့ကိုရောနယ်ပြီးပဲကြာဇံသုပ်ကို လက်စ သတ်လိုက်သည်။ တော်ရုံ ချက်ပြုတ်စားလေ့မရှိ
တဲ့ Tae က ထုံးစံအတိုင်း ကြက်ကြော်ဘူးလေး
ဝယ်ပြီး ပြန်လာခဲ့တာမို့ စားပွဲပေါ်မှာ အားလုံး
ပြင်ဆင်ပြီး စောင့်နေလိုက်သည်။

ခဏကြာတော့ ညနေစာစားဖို့ ပြန်ထွက်လာ၍
နှစ်ယောက်အတူ စားဖြစ်ကြသော်လည်း Jimin ရဲ့ ပဲကြာဇံသုပ်ကိုရော၊ သူကိုယ်တိုင်ဝယ်လာတဲ့
ကြက်ကြော်ကိုရော တို့ကနန်း ဆိတ်ကနန်းဖြင့်
တိတ်တိတ်ဆိတ်ဆိတ် စားနေတဲ့ TaeHyung ကြောင့် ဒီအခြေအနေကြီးကို မနှစ်သက်တဲ့
Jiminကပဲ စကား စ လိုက်သည်။

"ဝန်ထမ်းအသစ်တွေ အဆင်ပြေရဲ့လား"

"အင်း"

TaeHyungကို ကြည့်ရတာ ဒီတစ်ခေါက်ကိစ္စနှင့်
Jiminရဲ့ တဇွတ်ထိုးဆန်မှုကို အတော်စိတ်ပျက်
ပြီး စိတ်ဆိုးနေပုံရသည်။ ဒါကလဲ ဖြစ်သင့်တာပါ
ပဲ။

အကုန်လုံးက ကိုယ့်ခံစားချက်နှင့်ကိုယ်၊ ကိုယ်မှန်တယ် ထင်ရာ လုပ်နေကြတာမို့ "ငါ့ဘက်မှာ မရှိရကောင်းလား"ဟူ၍လည်း ကလေးဆန်ဆန် စိတ်ဆိုးမနေချင်။ တားမြစ်ပိတ်ပင်ခြင်းမရှိသည်
ကို ကျေးဇူးတင်ရပြီး အရင်လိုမျိုး ဖြစ်သမျှ အ
ကြောင်းစုံကို ရင်ဖွင့်ခွင့်မရတာကိုတော့ စိတ်
မကောင်းဖြစ်ရရုံသာ ရှိသည်။

စကားတပြောပြောနှင့် လုယက်စားသောက်ခြင်း
မရှိတဲ့ ညစာစားသောက်ခြင်းအမှုက တိတ်တိတ်
ဆိတ်ဆိတ်ပဲ ပြီးဆုံးသွားပြီး TaeHyungကတော့
စောစောစီးစီးပဲ သူ့အခန်းထဲဝင်သွားလေသည်။

Unconditional LoveWhere stories live. Discover now