🍒 4 🍒

9.7K 1.2K 50
                                    

Unicode

ပါမောက္ခကြီးရဲ့လက်ထောက်အကူအနေနဲ့
ခွဲခန်းထဲဝင်နိုင်မယ့်အခွင့် အရေးကို NamJoon
Hyungဆီကနေရလာ ခဲ့တာမို့ အတွေ့အကြုံ
အသစ်အတွက်Jungkook စိတ်လှုပ်ရှားနေ
မိသည်။

NamJoon Hyungက အရေးပေါ်ခွဲစိတ်မှုတစ်ခု
အတွက် လိုက်ပါသွားပေးရမှာမို့ Hyungပထမ
တာဝန်ကျခဲ့သည့် ခွဲစိတ်မှုမှာ Jungkookကို
အစားထိုးပေးခဲ့ခြင်းဖြစ်သည်။

ပါမောက္ခကြီးကတော့ NamJoon Hyungကို
ယုံကြည်တာက တစ်ပိုင်း ၊ ထူးချွန်တဲ့Jungkook
အကြောင်းကို ကြားဖူးထားတာက တစ်ပိုင်းမို့
Hyungရဲ့ အကြံပြုချက်ကို လက်ခံခဲ့သည်။

ပန်ကရိယကင်ဆာသမား၏ ကင်ဆာဆဲလ်ပျံ့နှံ့
နေသည့်အပိုင်းကို ဖယ်ရှားပေးရမည့်operation
ဖြစ်တာမို့ သိပ်ပြီးကြီးကျယ်တဲ့ခွဲစိတ်မှု မဟုတ်
စေကာမူ Jungkookအတွက်ကတော့ အဖိုးမ
ဖြတ်နိုင်သည့် ကံကောင်းမှုတစ်ခုပင်ဖြစ်သည်။

ပါမောက္ခကြီးဦးဆောင်မှုနဲ့ Jungkookတို့
Surgical Teamတစ်ခုလုံး လေးနာရီကျော်ကြာ အောင် ထိုခွဲစိတ်မှုကိုပြုလုပ်ခဲ့ကြသည်ပါမောက္ခ
နဲ့ စီနီယာ အစ်ကို၏ ကျွမ်းကျင်မှုကို ပညာယူ
မှတ်သားရင်းနှင့် Jungkookဘက်ကလဲ အမှား အယွင်း မရှိအောင် အကူအညီပေးနိုင်ခဲ့တာမို့
ခွဲစိတ်မှုက အောင်မြင်စွာပြီးဆုံးခဲ့သည်။

ခွဲခန်းထဲက ထွက်လာပြီးနောက် သန့်ရှင်းရေး
လုပ်ရန် ဘေစင်လေးဆီထွက်လာပြီးနောက်
Scrub hatကိုချွတ်လိုက်ကာ မှန်ကိုတစ်ချက်
ကြည့်မိတော့ မှန်ထဲက ပုံရိပ်လေးက ခပ်ပြုံးပြုံး
နှင့် Jungkookကို ပြန်ကြည့်နေလေသည်။

ခပ်ပြေပြေနဖူးပြင်ပေါ်မှာတော့ ချွေးစလေးတွေ
ပင်တွဲခိုနေသေးသည်။ တစ်နေ့လုံး ပြုံးစိစိဖြစ်
နေရင်တော့ ခက်ရချည်ရဲ့ Jeon Jungkookရေ။
ဒီနေ့ ညဂျူတီလဲ မရှိတာမို့ အိမ်သို့စောစောပြန်
ပြီး မေမေကြီးဆီ ဖုန်းဆက်ပြောပြရဦးမည်။
ပါရဂူကြီးက Jungkookကို ဘယ်လိုအမှတ်ရနေ
ပြီး ဘယ်လိုချီးကျူးသွားခဲ့လဲဆိုတာကိုပေါ့။

အိမ်သို့ပြန်ရောက်သည်နှင့် ညစာစားဖို့ကိုတောင်
မပြင်ဆင်နိုင်သေးဘဲ မေမေကြီးဆီဖုန်းခေါ်လိုက်
သည်။ ဒီနေ့အတွက်က ညစာစားဖို့မလိုတော့
အောင် အပျော်တွေနဲ့ပြည့်နေပြီဖြစ်သည်။

Unconditional LoveWhere stories live. Discover now