🍒 21 🍒

7.8K 1K 160
                                    

Unicode

တစ်ညနေလုံး တဂျုန်းဂျုန်းအသံပေးလျက် အ
လုပ်ရှုပ်နေတဲ့ ရိတ်သိမ်းစက်ဆီက ဆူညံသံလေး ပျောက်ကွယ်သွားသည်ကို သတိထားမိတဲ့အချိန်
မှာတော့ အတော်ကြာအောင်ငေးကြည့်နေမိခဲ့တဲ့
ကောင်းကင်ပြာရဲ့အရောင်က လိမ္မော်ရောင်နှင့်
ပန်းရောင်ဖျော့ဖျော့ရောနှောသည့် ချစ်စဖွယ်
ညနေခင်းအရောင်သို့ကူးပြောင်းနေပြီဖြစ်သည်။

"Jimin...အိမ်က လာခေါ်မှာလား"

"ဟုတ်"

ရိတ်သိမ်းစက်ပေါ်က ဆင်းလာတဲ့ ဦးလေးEthan
၏ခပ်ဝဲဝဲ ကိုရီးယားစကားသံကိုကြားတော့မှ
Jiminတစ်ယောက် လှဲနေရာမှ ထလိုက်သည်။
ပြီးနောက် ခြေတံရှည် လယ်စောင့်တဲလေးရဲ့
အောက်ဘက်ကနေ ဟန်ပါပါဖြင့် ခါးထောက်
လျက် မော့ကြည့်နေသော ဦးလေးEthan၏ ပုံစံ
ကြောင့် သဘောကျသလို တစ်ချက်ပြုံးမိသည်။

"ပြန်နှင့်လေ ...ကျွန်တော်ခဏနေလိုက်ဦးမယ်"

"အိုကေ... မနက်ဖြန်မှ တွေ့မယ်ကောင်လေး"

"ဟုတ်"

ပြီးနောက် ဦးလေးEthanက သူ့ကိုနှုတ်ဆက်ပြီး
ဂျုံခင်းထဲမှ ထွက်ခွာသွားခဲ့သည်။

ဖိုးဖိုးကို ကတိပေးထားခဲ့တဲ့အတိုင်း သူ ဖိုးဖိုးတို့
ဆီရောက်နေတာ ၃ ရက်ခန့်ရှိခဲ့ပြီ။ဆိုးလ်က အိမ် ပုံစံနှင့် တစ်ထပ်တည်း ထပ်တူညီအောင် တည် ဆောက်ထားတဲ့ ဖိုးဖိုးရဲ့အိမ်ထဲမှာ နေရသည်က နယ်မြေအသစ်ကိုရောက်နေတယ်ဟူ၍ မခံစား ရဘဲ ဖိုးဖိုးတို့ မေမေတို့က Jiminရှိရာ လာလည်
ကြသလိုပင်။

ဒီနေ့တော့ တစ်ယောက်သောသူကို လွမ်းနေရတဲ့
ခံစားချက်အပြင် အိမ်ထဲအောင်းနေရတာလဲ ငြီး
ငွေ့လာသလိုရှိတာမို့ စိတ်အပြောင်းအလဲဖြစ်စေ
ရန်အလို့ငှာ မေမေပိုင်ဆိုင်သည့် ဂျုံခင်းလေးထဲ
သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။စီးပွားဖြစ်စိုက်
ပျိုးထားခြင်းမဟုတ်သော်ငြားလဲ ဧကအနည်း
ငယ် ကျယ်ဝန်းသည့် စိုက်ခင်းဖြစ်သည်မို့ ဒီဂျုံ
ခင်းထဲကရတဲ့ ဂျုံမှုန့်တွေက စက်ရုံကအလုပ်
သမားတွေနှင့် အိမ်နီးနားချင်းတွေဆီ လောက်ငှ
စွာပေးဝေနိုင်ရုံလောက်သော အထွက်နှုန်းတော့
ရှိလေသည်။

Unconditional LoveWhere stories live. Discover now