🍒 10 🍒

7.6K 1K 128
                                    

Unicode

ထမင်းလဲ ထစားချင်စိတ်မရှိသည်မို့ ကုတင်ပေါ်
မှာ ငြိမ်ငြိမ်လေး လှဲနေရာကနေ တစ်စုံတစ် ယောက် အကြောင်းကို စဉ်းစားနေမိသည်။
တစ်ရက်ကဆို Jungkookက ကလေးငယ်လေး
တစ်ယောက်လို Jiminနားကပ်ပြီး ပူဆာခဲ့သည် က "ကိုကို့ကို ထမင်းဘူး ထည့်ပေးလို့ရလား"
ဟူ၍ဖြစ်သည်။

ဒီခေတ်ကြီးထဲမှာ ထမင်းဘူးထည့်ပြီး အလုပ်တက်ချင်သည့် ယောကျ်ားသားမျိုးရှိနေသေးတာ
ကို Jiminတစ်ယောက် အံ့အားသင့်မိသည်။ ထို့ထက် ပို၍ထူးဆန်းသည်က "ဟိုလို အရုပ်လေးတွေလုပ်ပေးနော်" တဲ့လေ။

အခုဆို ၃ရက် လောက်ရှိပြီပေါ့...Jungkookကို
ထမင်းဘူး ထည့်ပေးနေရတာ။သူပြောတဲ့အတိုင်း
ကလေးထမင်းဘူးလို စုံလင်နေအောင်လဲ လုပ်
ပေးရသေးသည်။

"ငယ်ငယ်က ကျောင်းသွားရင် ကိုကို့မေမေက
ဒီလိုလေးတွေထည့်ပေးတာ" ဆိုသည့် စကား
သံကိုကြားယောင်မိတော့Jungkookရဲ့ ငယ်ဘဝ ဖြတ်သန်းလာပုံအဆင့်ဆင့်ကို စိတ်ကူးထဲမြင် ယောင်ကြည့်မိသည်။Jungkookလို လိမ္မာတဲ့ ကလေးတစ်ယောက်ကို လောကကြီးအလယ်
မှာ တစ်ယောက်ထဲချန်ထားရစ်ခဲ့ရတာ မိခင်ဖြစ်
သူအနေနဲ့ ဘယ်လောက်တောင်ပင်ပန်းခဲ့မလဲ။

Jiminလို ဘာမှမဟုတ်တဲ့သူတောင် ဒီနေ့တစ်
ရက်လေး ခွဲလာရတာ ဘယ်နေရာကြည့်ကြည့်
သူ့မျက်နှာပဲ မြင်ယောင်မိသည်အထိ။မနေနိုင်တဲ့
အဆုံးJungkookဆီဖုန်းခေါ်ကြည့်မိသည်။

နှစ်ကြိမ်တိတိခေါ်လိုက်သော်လည်း Jungkook
ဘက်က ဖုန်းမကိုင်ခဲ့တာမို့ အလုပ်ရှုပ်နေလို့
နေမှာဟု တွေးရင်း အခန်းအပြင်ထွက်ပြီး ထမင်းစားပွဲမှာ ဝင်ထိုင်ကာ ရေတစ်ခွက်ငှဲ့သောက်လိုက်သည်။

သူကအသည်းလေးမဟုတ်ဘူးဆိုသည့်အမှန်
တရားကခေါင်းထဲဝင်လာပြန်တော့ ဘာမှမလုပ်
ချင်တော့သည်အထိ ခြေကုန်လက်ပမ်းကျကာစိတ်ပင်ပန်းရပြန်သည်။

စိတ်ထွက်ပေါက်ပေးသည့်အနေဖြင့် အိမ်မှာရှိ
နေသည့် ပစ္စည်းတချို့နှင့် ကွတ်ကီးပြုလုပ်ဖို့
ပြင်ဆင်လိုက်သော်လည်း ရည်ရွယ်မိသည်က
Jungkookအတွက်ပဲ ဖြစ်နေပြန်သည်။

Unconditional LoveWhere stories live. Discover now