🍒 12 🍒

7.1K 1K 124
                                    

Unicode

ထပ်ပြီး မလိမ်ညာချင်တော့ဘူး...။

Jungkookက သူ့ရင်ဘတ်တစ်နေရာကို ပိုင်စိုး
ထားတယ်ဆိုတဲ့ခံစားချက်က တစ်နေ့ထက်တစ်
နေ့ သေချာလာပြီးတဲ့နောက်မှာ ခုထက်ပိုပြီး
မုသားစကားတွေမဆိုချင်တော့ဘူး။

အလိမ်အညာတွေကို ခုတုံးလုပ်ပြီး Jungkook
နဲ့ သူ့ရဲ့ကြားက သံယောဇဉ်ကြိုးကို ဒီထက်ပိုပြီး
ခိုင်မြဲအောင် မချည်နှောင်ထားချင်တော့ဘူး။
သူက လူဆိုးလူညစ်ကလေးဖြစ်နေရင်တောင်မှ
အဖြစ်မှန်အားလုံးကို ဝန်ခံပြီးတော့မှပဲ စိတ်ရှင်း
ရှင်းနဲ့ သူ့အချစ်ခရီးလမ်းကို ဆက်လျှောက်ချင်
တယ်။

အဖြစ်မှန်တွေကို Jungkookသိသွားတဲ့အခါ
ဘယ်အတိုင်းအတာအထိ ပြဿနာဖြစ်နိုင်မလဲ
မခန့်မှန်းတတ်ပေမဲ့ မေတ္တာရိပ်မြုံဂေဟာက
အသည်းလေးမဟုတ်တဲ့ Park Jiminအနေနဲ့
တောင်းပန်စရာရှိတာကိုတောင်းပန်ပြီး၊ (ဖြစ်
နိုင်မယ်ဆိုရင်တော့) Jungkook ဆီကခွင့်လွှတ်
မှုကိုလဲ ရယူပြီးမှ ရှေ့ဆက်ချင်သည်။

*****

အနာဂတ်မှာ ဒီလိုအခွင့်အရေးတွေရှိလာနိုင်ဦး
မလား မသေချာပေမဲ့ ပုံမှန်မနက်ခင်း​တွေအတိုင်း
Jiminတစ်ယောက်Jungkookရဲ့ မီးဖိုခန်းလေး
ထဲမှာအလုပ်ရှုပ်နေလေသည်။

တလောက ဆေးရုံမှာ သွားပေးခဲ့တဲ့ကွတ်ကီး
လေး တွေကို သူ့သူငယ်ချင်းတွေက အများကြီး
ဝိုင်းစားကြပြီးတော့ အရသာကောင်းလို့ သဘော ကျကြတယ်ဆိုပြီး ပြန်ပြောပြတာမို့ ဒီမနက်တော့ mini burgerလေးတွေ လုပ်ပေးလိုက်ဖို့ စိတ်ကူးရတာဖြစ်သည်။

လူတွေကို အစားအသောက်ကနေတဆင့် ချဉ်း
ကပ်ရတာအလွယ်ကူဆုံးပဲမဟုတ်လား။ Jung
kookကိုကြည့်ရတာ သူငယ်ချင်းအပေါင်းအသင်း
များများစားစားရှိမဲ့ပုံလဲမပေါ်သလိုအသိမိတ်ဆွေ
တွေနဲ့ ဘယ်လိုအဆင်ပြေအောင်နေထိုင်ရမယ် ဆိုတာကိုလဲ ကောင်းကောင်းသိပုံမပေါ်။ နေ့လည်စာစားချိန်တွေလဲ တစ်ယောက်ထဲပဲ စား
လေ့ရှိသည်တဲ့လေ...။

ဒီနေ့မှထူးထူးဆန်းဆန်းပဲJungkookတစ်ယောက် Jiminအလုပ်ရှုပ်နေတဲ့ မီးဖိုခန်းထဲလာ
ကာ ဘေးနားကနေ စကားများနေလေသည်။

Unconditional LoveWhere stories live. Discover now