🍒 28 🍒

11.5K 1.1K 127
                                    

Unicode

တက်သစ်စနေရောင်ခြည်အလင်းတန်းနုနုသည်
ဖြူလွှလွှပုဝါပါး လိုက်ကာစကြားမှ တစ်ဆင့်
Jungkookရဲ့ အိပ်ခန်းငယ်ဆီသို့ ခပ်ဖျော့ဖျော့
တိုးဝင်လာသည်။ပုံမှန်အိပ်ရာထချိန်ဖြစ်သည်မို့
Jungkookလဲ လူးလွန့်လှုပ်ရှားကာ နိုးထလာ
သည်။

သူ့လက်မောင်းကို ဖိအိပ်ထားသည့်ခေါင်းလုံးလုံး
လေးကြောင့် စိတ်ရှိလက်ရှိ လှုပ်ရှားမှုမပြုလုပ်
နိုင်ဘဲ ခါးကြောကိုဆန့်ကာ သူ့အပိုင်အနွေးဓာတ်
လေးကို ရင်ခွင်ထဲပြန်ထည့်ရင်း မျက်ဝန်းများကို
ခေတ္တမှေးမှိတ်ထားလိုက်သည်။

ရာသီဉတုကတော့ အိပ်ရာထဲပြန်ကွေးနေလို့
ကောင်းရုံ စိမ့်စိမ့်လေး အေးမြနေသည်။ပြတင်း
တံခါးဘေးမှကပ်ကာ ပျံသန်းသွားသော ငှက်
ကလေးတို့ရဲ့ ကျီကျီကျာကျာအသံသေးသေး
တို့သည်လည်း သူ့ရင်ခွင်ထဲကအနွေးဓာတ်လေး
ကြောင့် ယခင်ကထက်ပိုပြီး နားဝင်ချိုနေသလို
ပင်။

ကောင်လေးရဲ့အသက်ရှုသံလေးနဲ့အတူ လည်
တိုင်နားမှာ ဝေ့ဝဲနေသည့် ခပ်နွေးနွေးလေထုငယ်
၏ အထိအတွေ့တို့ကြောင့်လဲ အိပ်ရာမှ ထဖို့ရာ
အခက်အခဲဖြစ်ရသည်။ ဒီအတိုင်းလေး ဆက်နေ
ချင်သေးပေမဲ့ အလုပ်ကိစ္စတွေရှိနေသေးတာ
ကြောင့် မထချင်လဲ အိပ်ရာက ထရဦးမည်။

ကောင်လေးမနိုးစေရအောင် ဖြည်းဖြည်းချင်း
အိပ်ရာထဲက ထထိုင်လိုက်သော်လည်း ဒီနိဗ္ဗာန်
ဘုံလေးအနားကနေ တစ်ဖဝါးမျှပင် မခွာချင်။
သို့နှင့် ခန္ဓာကိုယ်ကို အနည်းငယ်ငုံ့ကိုင်းကာ
ကောင်လေးရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း
ခွဲခြမ်းစိတ်ဖြာနေမိသည်။

ကြည်လင်နေသည့် နို့နှစ်ရောင်အသားအရေနှင့်
ဆန်မုန့်တုံးလေးသဖွယ် အိစက်နေသည့်ပါးပြင်
မို့မို့လေးက စေ့စေ့ကြည့်လေ တစ်ချက်လောက်
ညှစ်ကြည့်ချင်လေဖြစ်စေသည်မို့ Jungkookလဲ
အသည်းယားစွာဖြင့် ခပ်ဖွဖွဆွဲညှစ်မိသည်။တမင်
ဆူထားစရာမလိုပဲ ခပ်ထော်ထော်ဖြစ်နေသည့်ချယ်ရီရောင် နှုတ်ခမ်းထူထူလေးကိုတော့ အသံ
မြည်အောင်ပင် အနမ်းပေးမိလေသည်။

"ဘာလို့ ဒီလောက်ချစ်စရာလေးဖြစ်နေရတာ
လဲ... "

အသည်းယားလွန်းလှသဖြင့် သူ့မှာအသံထွက်ပြီး
ရေရွတ်မိသည်အထိပင်။

Unconditional LoveWhere stories live. Discover now