🍒 23 🍒

8.1K 1.1K 125
                                    

-Unicode-

TaeHyungတွေးထားသည့်အတိုင်းပင်Jiminတစ်
ယောက် နောက်ပိုင်းရက်တွေမှာ ဗီဒီယိုရိုက်ဖို့
အတွက် အတင်းအကြပ်တိုက်တွန်းရတာမျိုးမရှိ
တော့ဘဲ သူကိုယ်တိုင်က စိတ်ပါဝင်စားစွာ ရိုက်
ထားတတ်လာသည်။ လူသိနည်းနေသေးတဲ့
Channelလေး ဖြစ်သော်လည်းပျော်ရွှင်ခြင်းလမ်း
စတစ်ခုကို ရှာတွေ့လာသလို နိစ္စဓူဝ ဘယ်လို
အသစ်အဆန်း နည်းလမ်းတွေနှင့် တင်ဆက်ရမလဲဆိုတာကို ကြံဆရင်းနှင့် အချိန်အတော်များ
များကို မီးဖိုခန်းထဲမှာ ကုန်ဆုံးတတ်ခဲ့သည်။

ပြီးလျှင် သောကြာနေ့နဲ့စနေနေ့ရဲ့ ညနေခင်း
အချိန်များကို တိတ်တဆိတ်လွမ်းမောတတ်လာ
သည်။ အပတ်စဉ်တိုင်းရဲ့ ထိုနေ့ရက်များတွင်
လုပ်စရာရှိသည်တို့ကို စောစောစီးစီးပြီးပြတ်
အောင် လုပ်ထားကာ TVရှေ့မှာငြိမ်ငြိမ်လေးထိုင်
စောင့်နေတတ်သော Jiminလေးကို တွေ့ရမည်
လိမ့်မည်ဖြစ်သည်။

ဒီနေ့လဲ TVရှေ့မှာ အကျအနနေရာယူကာ ထိုင်
နေစဉ်တွင် ဘဲလ်သံလေးမြည်လာသည်မို့ ခြံထဲ
သို့ ဆင်းကာကြည့်လိုက်တော့ ပန်းစည်းလေး
ကိုင်ထားသည့် ကောင်လေးတစ်ယောက်က ခြံ
တံခါးရှေ့မှာ ရပ်နေလေသည်မို့ခြံရှေ့သို့လျှောက်
သွားကာ-

"ဘယ်သူလဲမသိဘူး"

"အော်...ဒီအိမ်လိပ်စာနဲ့ ပန်းစည်းပို့ခိုင်းထားလို့
ပါ"

"ဒီအိမ်ကို?"

"ဟုတ်"

"ကျေးဇူးနော်"

သူ့ဆီ အထူးတလည် ပန်းစည်းပို့ပေးနိုင်လောက်
တဲ့ သူမရှိတာမို့ဇဝေဇဝါဖြစ်နေပေမဲ့လဲ ကောင်
လေးကို အားနာတာနဲ့ပဲ ပန်းစည်းလေးကိုယူကာ မက်မွန်ရောင် နှင်းဆီပန်းပွင့်များကြားကစာအိတ်ကလေးကိုဖွင့်ကြည့်လိုက်သည်။

အထဲက ခရမ်းရောင်ဖျော့ဖျော့ ကတ်ထူစာရွက်
လေးပေါ်တွင် ရေးထားသည်က

[ Subscriber 100K ပြည့်သွားတဲ့အတွက် ဂုဏ်
ပြုပါတယ်။ Mochi's kitchenက တင်ပေးတဲ့ videoတိုင်းကိုလည်း အားပေးနေပါတယ်။ ပျော်
ရွှင်ပါစေ။

ဟမ်ဘာဂါ အိချိ ]

ရနံ့သင်းသင်းကတ်ထူစက္ကူလေးပေါ်ကလက်ရေး
လေးတွေကို တလှည့် ၊ အပွင့် ၅၀လောက်ပါလာ
တဲ့ နှင်းဆီပွင့်လှလှလေးများကို တလှည့်ကြည့်
ရင်း သဘောကျစွာ အားရပါးရပြုံးလိုက်သည်။
Jimin ခဏခဏ ထုတ်ပြောတတ်တာကြောင့်မို့
သူ့channelလေးကို ချစ်ကြတဲ့ ပရိတ်သတ်တွေ
က သူတို့ကိုယ်သူတို့ Jiminရဲ့ ဟမ်ဘာဂါလေး
တွေ ဟူ၍ အမည်ပေးထားကြလေသည်။ပြီးလျှင်
Tae ရဲ့ဆိုင်သို့လဲ Jiminအတွက် လက်ဆောင်
လေးတွေ ပို့ပေးတတ်ကြပြီး ဟိုမုန့်လေးလုပ်ပြ
ပါ...ဒီဟင်းလေးချက်ပြပါဦး ဟူ၍လဲ သူ့ဆီမှာ
တောင်းဆိုတတ်ကြသေးသည်။ဒါကြောင့်ပဲ
သူ့channelလေးကို တစ်နေ့ထက်တစ်နေ့ပိုပြီး
သံယောဇဉ်တွယ်လာမိတာဖြစ်သည်။

Unconditional LoveWhere stories live. Discover now