🍒 16 🍒

7.1K 1K 257
                                    

Unicode

Jungkook စာမေးပွဲမဖြေခင် ကာလတစ်ခုကို
စောင့်ဆိုင်းနေရတာက သူ့အတွက်တော့ ချိန် ကိုက်ဗုံးတစ်လုံးကို ပွေ့ပိုက်ထားရသလိုပါပဲ။
ကတိတည်မှဖြစ်တော့မယ်မလား။ကမ္ဘာကြီးက
သူတို့နှစ်ယောက်အတွက်ပဲဖြစ်ဖြစ် နည်းနည်း
လေး ပိုနှေးပြီးတော့ လည်ပတ်ပေးနေရင်ကောင်းမည်။

"နောက်တစ်ပတ်ဆို စာမေးပွဲဖြေရတော့မယ်
နော် ကိုကို"

"အင်း"

"စာမေးပွဲပြီးရင်ပြောစရာရှိလို့"

"ဘာလဲ ... ကိုကို့ကို ချစ်တယ်ပြောဦးမလို့လား"

"ဟုတ်တယ်"

"ဒီည စောစောပြန်လာမယ်သိလား၊ Jiminလဲ
စောစောပြန်ခဲ့နော်"

"ဟုတ်"

Jungkookတို့ လမ်းထိပ်ကားမှတ်တိုင်မှာ နှစ်
ယောက်အတူ ထိုင်နေရင်းနှင့် ထုံးစံအတိုင်း
Jimin ရဲ့ ခြေထောက်လေးတစ်ဖက်က Jung kookရှူးဖိနပ်ပေါ်သို့ ဖိထားသည်။ဘတ်စ်ကား
လာပြီး Jungkookကားပေါ်တက်သွားသည်
အထိ ကြည့်နေပြီးတော့မှ သူ အိမ်ပြန်ခဲ့သည်။

Jiminအတွက်တော့ ကံမကောင်းတဲ့ရက်တွေပဲ
ဆက်နေသည်လား မပြောတတ်တော့ဘူး။ဒီမနက်Jungkookဆီကပြန်လာတော့ အိမ်မှာ
မေမေနဲ့ ကိုကိုတို့ သားအမိနှစ်ယောက်ဆီးကြို နေလေသည်။

တွေးထားပြီးသားပေမဲ့လဲလူကိုယ်တိုင် ရောက် လာမယ်တော့ ထင်မထားခဲ့တာမို့ နည်းနည်း
တော့အံ့သြမိသည်။ဒီရက်ပိုင်း အိမ်မှာလဲ လူတွေ
များနေလိုက်တာ။

"မေမေ"

ဧည့်ခန်းထဲက ဆိုဖာခုံမှာ ကော်ဖီထိုင်သောက်
နေသည့် မေမေ့ဆီသို့ပြေးသွားကာ ဖက်ထား
လိုက်သည်။

"ဘယ်လိုလုပ်ရောက်လာတာလဲ၊ သားကိုလဲ
အကြောင်းမကြားဘဲနဲ့"

မေမေ့ကိုဖက်ထားရင်းနှင့် နောက်တစ်ခုံမှာထိုင်
နေသည့်ကိုကို့ဆီကိုလဲ ဘယ်လိုရောက်လာတာ
လဲဟု အသံတိတ်လှမ်းမေးကြည့်မိသည်။ ကိုကို
ကတော့ ရုပ်တည်ကြီးနဲ့ ဆက်ထိုင်နေတာပါပဲ။

"အိမ်မှာမအိပ်ဘဲ ဘယ်တွေသွားနေတာလဲ ကလေး"

"ဟို..အဲ့ဒါကလေ..ဟိုဟာလေ မေမေတို့ ဘယ်
တုန်းကရောက်ကြတာလဲ...သားကလွမ်းနေတာ"

Unconditional LoveWhere stories live. Discover now