🍒 11 🍒

7K 1K 167
                                    

Unicode

"Jiminရေ..."

"ဗျာ"

"ဒီပေါ်မှာတင်ထားတဲ့စာအုပ်လေးတွေ့မိသေး
လား"

"စာအုပ်တွေက ဒီအတိုင်းပဲစီပေးထားတာလေ
။ဘယ်မှမရွှေ့ပါဘူး"

"ဟုတ်လား... စာအုပ်အသစ်တစ်အုပ်မတွေ့
တော့လို့ "

"သေချာရှာပါဦး"

Jungkookနဲ့ Jimin က အခန်းထဲမှာ စာအုပ်ရှာ
ရင်း အလုပ်ရှုပ်နေတဲ့အချိန်တွင် ထယ်ဝူကတော့
အိမ်ရှေ့က Jiminပြင်ပေးထားတဲ့ မနက်စာကို
စားရင်း ညစ်ကျယ်ကျယ်ပြုံးနေလေသည်။

"စာအုပ်တွေကို ဘယ်မှ မရွှေ့ပါဘူး ကိုကိုရဲ့။
ဘယ်လိုလုပ် ပျောက်သွားတာလဲ"

စားပွဲခုံပေါ်မှာ ရှုပ်ပွနေလို့ စာအုပ်တွေစီပေးရုံကလွဲပြီး ဘယ်ပစ္စည်းကိုမှ နေရာမရွှေ့ခဲ့တာကို
စာအုပ်က ဘယ်ကနေဘယ်လိုပျောက်သွားတာ
လဲ။

"ဟို..ဒီမှာရှိနေတဲ့စာအုပ်ပျောက်တာရော
ဟုတ်ရဲ့လား။ နေရာအထားမှားတာများလား"

Jiminရဲ့စကားသံ အဆုံးထိပင်နားမထောင်ဘဲ
Jungkookက အိမ်ရှေ့ထမင်းစားပွဲမှာ သွားထိုင်
ပြီး ထမင်းစားနေလေသည်။

"ငါဒီနေ့ အင်တာဗျူးရှိလို့ စောစောသွားရမယ်..
သွားပြီဟေ့"

"အင်း...အဆင်ပြေပါစေ Hyung"

ထယ်ဝူက အရင်ဆုံးစားပြီး Jungkookကိုနှုတ်
ဆက်ပြီးသည်နှင့် အပြင်ထွက်သွားသည်။ အိမ်
ခန်းထဲမှာ နှစ်ယောက်ပဲကျန်ခဲ့တဲ့အပြင် Jung
Kookကိုကြည့်ရတာ စာအုပ်ပျောက်သွားလို့
စိတ်ဆိုးသွားတဲ့ပုံမို့ Jiminလဲ သူ့ဘေးနားမှာ
ဝင်ထိုင်ပြီး ကော်ဖီတစ်ခွက် ငှဲ့ထည့်ပေးကာ-

"ဟို.. ကော်ဖီသောက်သွားဦးနော်"

"Jiminကို ပြောထားရဦးမယ်။ နောက်ဆိုစာကြည့်စားပွဲကို မရှင်းပေးလဲရတယ်။အဲ့
လောက်ရှုပ်ပွနေတာလဲ မဟုတ်ဘူးလေ"

"ဟုတ်.. နည်းနည်းပွနေလားလို့ပါ"

"တော်ပြီ...ကော်ဖီလဲ သောက်ချင်စိတ်မရှိတော့
ဘူး..အပြင်သွားရင် တံခါးသေချာပိတ်သွား"

ထို့နောက် Jungkook တစ်ယောက် ထမင်းကို
လဲ ကုန်အောင်မစား၊ Jiminပြင်ဆင်ပေးထား
တဲ့ ထမင်းဘူးကိုလဲ မယူသွားဘဲ အလုပ်သွားတော့သည်။

Unconditional LoveWhere stories live. Discover now