🍒 5 🍒

9.1K 1.1K 141
                                    

Unicode

ချော်လဲကျခဲ့သည့်ကိစ္စကြောင့် TaeHyungက
အဲ့ဒီနေ့မှာပင် ဝန်ထမ်းအသစ်ခန့်လိုက်ကာ
Jiminကို အနားယူစေသည်။ ထိခိုက်သည့်ဒဏ်
ရာက မဖြစ်စလောက်ဆိုပေမဲ့ Jiminကိုယ်တိုင်
လဲ အခုအချိန်မှာ ဘယ်သူနဲ့မှ မတွေ့လိုတာမို့
TaeHyungရဲ့ ဆိုင်ကိုတောင် မသွားဘဲ အိမ်ထဲ
မှာပဲ ခွေနေဖြစ်သည်။

နှစ်ရက်ခန့်ကြာပြီးနောက်မှာတော့ Jiminစုံစမ်း
ခိုင်းထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ကိုကို့ဆီက
mail တစ်စောင် ရောက်လာသည်။ ကိုကိုစုံစမ်း
ပေးထားတဲ့ ခေါင်မိုးထပ်က ဆရာဝန်လေး၏
အချက်အလက်တို့က အတော်လေးပြီးပြည့်စုံလှသည်။

mail ကို ဖတ်ကြည့်ပြီးသည်ဆိုရုံရှိသေး ကိုကို့
ဆီက ဖုန်းဝင်လာသည်။

"ဟယ်လို"

"Jiminခိုင်းထားတာ ကိုကိုလုပ်ပေးပြီးပြီနော်"

"ဟုတ်"

"အဲ့ဒါဆို ကိုကိုပြန်မေးမယ်။ အဲ့လူအကြောင်း
စုံစမ်းပြီး ဘာလုပ်မလို့လဲ"

"ဘာမှမလုပ်ပါဘူး"

"ထားပါလေ ..ဒီရက်ပိုင်း ဒီမှာလဲ အလုပ်တွေ
ရှုပ်နေတော့ နောက်မှအေးဆေးမေးမယ်။နောက်
တစ်ပတ်ထဲတောင်ဆိုးလ်က ဆရာဝန်များအသင်း
က ပါမောက္ခကြီးတွေ ကိုကိုတို့ ကုမ္ပဏီကို လာ
ကြဦးမယ်တဲ့။နယ်ကဆေးရုံတွေအတွက် လိုအပ်
တာတွေ ထောက်ပံ့ပေးဖို့ လာညှိနှိုင်းကြမလို့တဲ့"

"အင်း"

"ပြောပြလဲ စိတ်ဝင်စားမဲ့ပုံမပေါ်ပါဘူး"

"ဒါပဲ"

"လိုချင်တာရှိရင်လှမ်းပြောနော်"

"အင်း"

"နေမကောင်းဘူးလား။ အသံက အားမရှိသလို
နဲ့"

"ကောင်းပါတယ်။ ကိုကိုလဲ နေကောင်းအောင်
နေနော်"

"အေးပါကွာ... အဲ့ဒါဆို ဒါပဲနော်"

ကိုကိုပို့ပေးသည့် အချက်အလက်တချို့ကိုကြည့်
လိုက်၊ လက်ထဲက လက်ပတ်ကြိုးလေးကို ပြန်ကြည့်လိုက်နှင့် Jimin၏ စိတ်ခံစားချက်တို့က
ရှုပ်ထွေးဝမ်းနည်းလာသည်။

Unconditional LoveWhere stories live. Discover now