🍒 17 🍒

7.1K 1K 277
                                    

Unicode

"ကဲ ... ပြန်ကြတော့ ။ TaeHyungလဲ Jiminကို
ဂရုစိုက်ပေးပါဦးနော်"

"ဟုတ်ကဲ့ တီလေး"

"ကလေးလဲ ပြောထားတာတွေသေချာလုပ်နော်
မဟုတ်ရင် ဒီမှာဆက်မနေရဘူး"

"ဟုတ်ကဲ့ပါ မေမေရယ်"

"အမေနဲ့အစ်ကိုပြန်တော့မယ်ဆိုတော့ တော်
တော်ပျော်နေတယ်ဟုတ်လား ကလေး"

"အာ...မေမေကလဲ အဲ့လိုမဟုတ်ပါဘူး"

"သွားကြတော့ ..."

မေမေနဲ့ ကိုကိုတို့ USကို ပြန်ကြတော့မှာမို့ Jiminတို့နှစ်ယောက် လေဆိပ်ကို လိုက်ပို့ပေး
ကြသည်။တော်သေးတာပေါ့...မေမေတို့ ပြန် သွားကြလို့။ Jungkookစာမေးပွဲဖြေဖို့ ၄ရက်လောက်ပဲ လိုတော့တာကို ဘာမှဂရုစိုက်မပေး
နိုင်ခဲ့ဘဲ အိမ်တွင်းအောင်းနေခဲ့ရသည်မို့ စိတ်
ထဲနေလို့ကောင်းလှတယ်မဟုတ်ဘူးလေ။

"ကဲ...မင်းက Jungkookဆီ သွားတော့မှာမလား"

"အေး"

"အဲ့ဒါဆိုလဲ ငါပဲ လိုက်ပို့ပေးတော့မယ်"

"ကျေးဇူးတင်ပါတယ်။ ငါ့ကြောင့်နဲ့ မေမေတို့ဆူတာခံလိုက်ရသေးတယ်မလား"

"ဖြစ်ရတယ်...ထူးဆန်းတာကျနေတာပဲ"

ထို့နောက် TaeHyungက ခေါင်မိုးထပ်အိမ်ခန်း
ဆီလိုက်ပို့ပေးသည်မို့ မတွေ့ရတဲ့ရက်တွေကိုပါ
အတိုးချပြီး အိမ်မပြန်တော့ဘဲ နေနေလိုက်သည်။

"ကိုကို"

"ဟင်"

Jungkookက စာဖတ်နေရာမှ Jiminဘက်ကို
လှည့်မကြည့်ပဲ အသံပြန်ပေးသည်မို့ သူဖတ်နေ
တဲ့စာအုပ်ကို ဆွဲယူလိုက်သည်။

"စာပဲဖတ်နေတာပဲ"

"သဘက်ခါပဲ စာမေးပွဲလေ...စာမဖတ်လို့ ဘာ
လုပ်နေရမလဲ အသည်းလေးရဲ့"

"ကိုကို့ကြည့်ရတာ ကျွန်တော့်ထက် စာအုပ်တွေ
ကို ပိုချစ်နေသလိုပဲ...ကျွန်တော့်ကိုကြည့်တဲ့
အချိန်ထက် သူတို့ကိုကြည့်တဲ့အချိန်ကပိုများ
နေတာ"

"ကိုကို့စာအုပ်တွေက သနားဖို့ကောင်းပါတယ်
Jiminရယ်"

Jungkook ရဲ့စာအုပ်ကို ပိုက်ထားရင်း အခန်းထောင့်မှာ ကပ်ထိုင်နေသည့် Jiminရဲ့ လုံးတုံး
တုံး ခန္ဓာကိုယ်လေးကို ခြေထောက်ကနေ ဆွဲယူ
လိုက်တော့ အရုပ်လေးတစ်ရုပ်လိုပဲ Jungkook
ဘက်သို့ ရောက်လာလေသည်။ ထို့နောက် စာ
အုပ်တွေကိုကအစ သဝန်တိုနေသော ကောင်လေးက Jungkook ရင်ခွင်ထဲ တိုးဝင်လာသည်။

Unconditional LoveWhere stories live. Discover now