🍒 6 🍒

8.8K 1.2K 192
                                    

Unicode

နေရောင်ခြည်နုနုအောက်မှာ သက်ဝင်လှုပ်ရှား
နေသည့် မနက်ခင်းတစ်ခုက နုပျိုလတ်ဆတ်လို့
နေသည်။Jiminကတော့ သူ့ရဲ့အကြံအစည်တို့ကိုအကောင် အထည်ဖော်ဖို့ရာTaeHyungရဲ့ ဆိုင်ခန်းလေးဆီသို့ ထွက်လာခဲ့သည်။

တစ်ခါမှ မလုပ်ဖူးသည့် ခပ်ကြောင်ကြောင်ကိစ္စမို့
စိတ်လှုပ်ရှားမှုရဲ့နောက်မှာ စိတ်ပင်ပန်းမှုလေးက
လဲခပ်ပါးပါးကပ်ပါနေပြန်သည်။ အမှန်ဆို ကိုယ်
နဲ့ဘာမှမသက်ဆိုင်တဲ့ ကိစ္စတစ်ခုပဲလေ...။

အခုမှတော့နောက်ဆုတ်ဖို့ရာလဲ အချိန်နှောင်း
သွားခဲ့ပြီ။ မနေ့ကခေါင်မိုးထပ် အိမ်ရဲ့ အိမ်ရှေ့
တံခါးနားမှာ လက်ပတ်ကြိုးလေးကို ရည်ရွယ်
ချက်ရှိရှိ ပစ်ချထားခဲ့မိသည်မဟုတ်ပါလား။

ဆိုင်ထဲ ဝင်ဝင်ချင်းမှာပင် ကောင်တာမှာ ထိုင်နေ
သည့် TaeHyung ကသူ့ကိုတစ်ချက် လှမ်းကြည့်
ပြီး သူ့အလုပ်သူဆက်လုပ်နေသည်မို့ Jiminလဲ
ပို့ရမည့်မုန့်ထုပ်လေးများကို မီးဖိုခန်းထဲကနေ ဝင် ယူလိုက်သည်။

"ငါသွားတော့မယ်နော်"

"အင်း"

လှည့်ပင်မကြည့်လဲ "အင်း"ဟုသာအသံပြုသည်
မို့ TaeHyung စိတ်မကြည်မှန်းJiminသိသည်။
တွန်းအားပေးခြင်း၊ ပိတ်ပင်တားဆီးခြင်း တစ်စုံ
တစ်ရာ မရှိစေကာမူ ပြောမနိုင်လို့ လွှတ်ထာခြင်း
သာဖြစ်ကြောင်း အသံတိတ်အသိပေးနေခြင်းဖြစ်သည်မို့ Jiminကလဲ လုပ်စရာရှိတာဆက်လုပ်ရုံပင်...။

ဆိုင်ကယ်မောင်းလာသည့် လမ်းတစ်လျှောက်၊
လှေကားထစ်များစွာကိုဖြတ်ကျော်လာသည့် လမ်းတစ်လျှောက် Jimin၏စိတ်အစဉ်က ရှုပ်
ထွေးပွေလီနေတုန်းဖြစ်သည်။ "မင်းအတွက် ဘာ
ပြန်ရမှာမို့လို့လဲ "ဆိုတဲ့ TaeHyungရဲ့ မေးခွန်း
အတွက်လဲ စိတ်ကျေနပ်စရာကောင်းလောက်တဲ့
အဖြေစကားက ထွက်ပေါ်မလာခဲ့...။

အကယ်၍များ လက်ပတ်ကြိုးကို မည်သူမျှမတွေ့ဘဲ Jimin ပစ်ချထားခဲ့သည့်အတိုင်းရှိနေ
ပါက ဒီအတိုင်းပြန်ကောက်ယူခဲ့ပြီး နောက်ထပ်
ဒီလိုစိတ်ရှုပ်ရသည့် ကိစ္စမျိုးကို ထပ်မဖန်တီး
တော့ဘဲ TaeHyungပြောသလို ဒီကိစ္စကို မသိ
ခဲ့လိုက်သလို နေသွားလိုက်မည်။

Unconditional LoveWhere stories live. Discover now