🍒 2 🍒

11.7K 1.5K 190
                                    

Unconditional Love
Part 2
Unicode

Jungkook သဘောမကျတဲ့နေရာဒေသ ဆိုပေမဲ့ဆရာမကြီးနဲ့ ဆရာမငယ်ရဲ့ နွေးထွေးတဲ့
မေတ္တာတရားတွေကြောင့် ရောက်ခါစနှင့်
စာလျှင် အတော်လေး နေရတာ အဆင်ပြေလာ
ခဲ့သည်။

သူ့ကိုနေမကောင်းဘူးထင်ပြီး အမြဲတမ်းလာ
စမ်းသပ်ပေးတတ်တဲ့ ဆရာဝန် အသည်းလေး ကြောင့်လဲပါတာပေါ့လေ။ တစ်ခါတစ်လေတော့ လဲ အသည်းလေးဘဝကို အားကျမိသလိုရှိသည်။

ကလေးက ငယ်သေးတဲ့အရွယ်မို့ ဒါက ဘယ်
လိုနေရာဆိုတာကို နားမလည်သေးပေမဲ့
လူအများကြီးနဲ့ နေနေရတာကို သဘောကျနေတဲ့ ပုံပါပဲ။

ဆရာမကြီးလက်ထဲမှာ ကြီးပြင်းလာတဲ့ကလေး
ဆိုတော့ ဂေဟာတစ်ခုလုံးမှာ ဆရာမကြီးရဲ့
အချစ်ဆုံးလေးပေါ့။ အခုလဲပဲ Jungkookက
သူတို့ အရွယ်တူလေးတွေ ဆော့နေကြတဲ့သစ်ပင် ကြီးနားမှာ တိတ်တိတ်လေး ဝင်ထိုင်ပြီး
ဘာတွေများကစားနေကြလဲ နားစွင့်နေမိသည်။

"ရော့ ...ဒီဆေးလေး တောက်ယိုက်...
လူနာ နောက်တစ်ကောင်လာပါ"

ဘေးနားက တခြားကလေးတွေကို သူက
ဆေးကုပေးနေသလိုမျိုးဆော့နေကြပြီး
တခြားကလေးတွေကတော့ သူ့ဆီက ချိုချဉ်
လုံးတွေစားချင်လို့ လူနာလာလုပ်ပေးနေတာ
ဖြစ်မည်။

"စမ်းကြည့်ဦးမယ်"

နားကြပ်တစ်ခုနဲ့ တော်တော်အလုပ်ဖြစ်နေတဲ့
အသည်းလေးက စမ်းသပ်ပြီးနောက် ဆေးတစ်
လုံးထပ်ထုတ်ပေးလိုက်သည်။

"နောက်တစ်လုံးပေးဦး"

"ဒါ ဟိုကိုကို့အတွက် ."

"တစ်လုံးပဲ ထပ်ပေးလေ"

"မရဘူး...အဲ့ဟာပဲတောက်ပါဆိုနေ"

ကွန်ပါဘူး အဟောင်းထဲ သူ့ဆေးလုံးတွေထပ်
သိမ်းရင်း စိတ်မရှည်သလိုပြောသည်။

"ဒီမှာ ငါလဲတစ်လုံးပဲတောက်တာ"

"တစ်လုံးထပ်ပေးဆို"

ဟိုကလေးလေးကပြောရင်းနဲ့ အသည်းလေး
လက်ထဲက ဆေးလုံးတစ်ခုကိုလုတော့သည်။
အသည်းလေးလဲ ပြန်လုနေရင်းက Jungkook
မထင်ထားတာကို လုပ်လိုက်သဖြင့် ထိုင်ငေး
နေရာကနေ သူတို့နားအမြန် ထသွားရသည်။

Unconditional LoveWhere stories live. Discover now