🍒 1 🍒

36.4K 1.8K 108
                                    

Unicode

တောင်ကုန်းလေးပေါ်က ပျံ့လွင့်လာတဲ့ ဓမ္မတေး သီချင်းသံကြောင့် Jungkookတစ်ယောက်အိပ်ရာက နိုးထလာခဲ့သည်။

ဒီနေ့နဲ့ဆို ဒီနေရာလေးကို ရောက်လာခဲ့တာ
ရက်သတ္တပတ် တစ်ခုထိရှိလာခဲ့ပြီ။ အရင်ရက်တွေကလိုပဲ ဘေးနားမှာ ရှိမနေတော့တဲ့မိခင် ဖြစ်သူကို အောက်မေ့သတိရတဲ့စိတ်နဲ့နိုးနိုးချင်း မှာပင် မျက်ရည်စက်တို့က နားထင်တစ်လျှောက် စီးဆင်းသွားတော့သည်။

"Jungkookလေး နိုးလာပြီလား... မနက်စာ
စားရအောင် ထွက်လာခဲ့နော်"

"ဟုတ်ကဲ့"

အခန်းဝကနေ အသံလှမ်းပေးတဲ့ ဆရာမကြီး ၏ အသံချိုချိုကြောင့် အတတ်နိုင်ဆုံး ငိုသံမပါအောင် ထိန်းချုပ်ပြီးဆရာမကြီး၏ ပြောစကား ကို အဖြေပြန်ပေးမိသည်။

ပြီးနောက် မျက်ရည်စတို့ကို လက်ခုံနဲ့ပွတ်သုတ်
ပစ်ကာ အိပ်ရာမှထလိုက်သည်။ ညတုန်းကလဲ
မေမေ့ကိုလွမ်းတဲ့စိတ်နဲ့ တော်တော်လေးမိုးချုပ်တဲ့အထိ အိပ်မပျော်ခဲ့တာမို့ ဒီမနက် အိပ်ရာထ
နောက်ကျကာ Jungkookနိုးလာတဲ့အချိန်မှာ ဘေးဘက်က တခြားကလေးတွေတောင်
အခန်းထဲမှာမရှိကြတော့ပေ။

အိပ်ရာသိမ်း၊ ကိုယ်လက်သန့်စင်ပြီးနောက်
တစ်ဖက်အခန်းကျယ်ဆီသို့ ကူးသွားလိုက်သည်။
တစ်ဖက်အခန်းမှာတော့ လသားအရွယ်ကလေး တို့ရဲ့အော်ဟစ်ငိုယိုသံတို့ဖြင့် မနက်ခင်းတစ်ခုက အတော်လေးပြီးပြည့်စုံနေပြီ...။

ပြောရမယ်ဆို Jungkookက လူသစ်ဖြစ်နေသေး
တာမို့ အခုလိုအိပ်ရာထနောက်ကျခြင်းကို
ဆရာမကြီးက ခွင့်လွှတ်ပေးနေတာဆိုပေမဲ့
နောက်ရက်တွေတော့ အတတ်နိုင်ဆုံး မနက်စောစောထနိုင်ဖို့ကို ကြိုးစားရမည်။

အချိန်ရှိသလောက် ထိုင်ငိုချင်နေပေမဲ့လဲ
မသိစိတ်ရဲ့ နှိုးဆော်မှုတစ်ခုကြောင့် အဲ့လိုမျိုး
နေနေလို့မရမှန်းကိုလဲ Jungkook သိသည်။

ထို့အတွက်ကြောင့် ဒီမှာရှိတဲ့အခြားကလေးများ
နည်းတူ Jungkook တို့အတွက် သတ်မှတ်ထားပေးတဲ့ စည်းကမ်းချက်အတိုင်း လိုက်နာနေထိုင်
ရတော့မည်။

Unconditional LoveWhere stories live. Discover now