🍒 27 🍒

10.4K 1.1K 123
                                    

Unicode

Jungkookကို ကားဂိတ်အထိလိုက်ပို့ပေးပြီး အိမ်ပြန်ခဲ့ရာလမ်းတစ်လျှောက်တွင် Jiminရဲ့ခြေ
ထောက်တွေဟာ မြေပြင်နှင့်မထိဘဲ လေပေါ်ကြွ
နေသည် ထင်ရလောက်အောင်ပင် မြောက်ကြွ
ကြွဖြစ်နေခဲ့သည်။

ကိုကိုက သူ့ကို မနေ့ညကရော ဒီမနက်မှာရော
ဆယ်ခါထက်မနည်းအောင်အနမ်းတွေပေးတယ်။
ကားမှတ်တိုင်မှာတုန်းကလဲ ဘေးလူတွေမမြင်
အောင် Jiminရဲ့နဖူးလေးကို ခိုးပြီးနမ်းသွားသေး
တယ်။ မနက်စာလဲပြင်ဆင်ပေးသွားပြီးတော့
Jiminတို့အိမ်မှာ တစ်ညအိပ်သွားသေးတယ်။
နောက်ဆုံးတော့ ဘယ်အရာကိုမှ စိုးထိတ်နေဖို့
မလိုတော့ဘဲနှင့် Jeon Jungkookရဲ့ ချစ်သူ
Park Jimin အဖြစ် တည်ရှိခွင့်ရခဲ့ပြီ။

နေဦး... ဒီသတင်းကို ဘယ်သူ့ဆီအရင်ဆုံး လှမ်း
ပြီး ကြွားရရင်ကောင်းမလဲ။ ဒီတစ်သက် Jimin
အနားကို Jungkookဆိုတဲ့ကောင်လေး လုံးဝပြန်
လာတော့မှာမဟုတ်ဘူးလို့ တစ်ထစ်ချယုံကြည်
နေတဲ့ အစ်ကိုဖြစ်သူဆီကို အရင်လှမ်းကြွားရမ
လား။ဒါမှမဟုတ် ဂေဟာကပြန်လာပြီးတဲ့နောက် ပိုင်း Jungkook မင်းဆီပြန်လာတော့မှာဟူ၍
ထင်ကြေးပေးခဲ့သည့် TaeHyungဆီသို့ လှမ်းကြွားရမလား...?

နောက်ဆုံးတော့ သူတို့စုံတွဲရဲ့ချစ်ခြင်းမေတ္တာကို
လျှော့တွက်လွန်းလှတဲ့ အစ်ကိုဖြစ်သူဆီသို့ပဲ
အရင်ဆုံးလှမ်းကြွားဖို့ ဆုံးဖြတ်ချက်ချလိုက်ကာ
ဖုန်းခေါ်လိုက်သည်။ အိပ်မောကျနေမည့် အချိန်
ဖြစ်မှန်းသိသော်လည်း အရမ်းပဲပြောပြချင်နေ
တာမို့ ကိုကို့ဘက်က ဖုန်းမကိုင်မချင်း ထပ်ကာ
ထပ်ကာ ခေါ်နေမိသည်။ ၆ ကြိမ်မြောက်လောက်
အထိ တစ်ဖက်ကဖုန်းမကိုင်တော့မှ စိတ်လျှော့
လိုက်ကာ စာတစ်စောင်သာ ပို့ထားလိုက်တော့
သည်။

[ကမ္ဘာလုံးလောက်ကြီးတဲ့ သတင်းတစ်ခုပေးဖို့ရှိ
တယ်။ အိပ်ရာကနိုးရင် ဖုန်းပြန်ဆက်နော်
:-(  :-( :-(  ]

TaeHyungကိုတော့ အခုလှမ်းမကြွားသေးဘဲ
နောက်ရက်မှ နှစ်ယောက်အတူတူ TaeHyung
ဆိုင်သို့သွားပြီး ထိတ်လန့်သွားအောင်စ ရမည်။

နောက်ဆိုရင် အခုလိုမျိုး ကလေးဆန်ဆန် နေ
လို့မရတော့ဘူး။ သူက တစ်နိုင်ငံလုံးကို ထုတ်
လွှင့်နေတဲ့ နာမည်ကြီးအစီအစဉ်တစ်ခုက ဒေါက်
တာ Jungkook ရဲ့ ချစ်သူဖြစ်နေပြီမလား။ နည်း
နည်းတော့ တည်တည်ငြိမ်ငြိမ်နေရမည်။အိပ်ခန်း
ထဲမှာ ကျန်ရစ်ခဲ့သည့် ကိုကို့ရဲ့ရှပ်အင်္ကျီလေးကို
အပေါ်က ထပ်ဝတ်လိုက်ပြီး ကုတင်ပေါ်မှာ ထိုင်
နေလိုက်ကာ စိတ်ကျေနပ်သလိုဖြင့် တခိခိရယ်
မောနေမိသည်။

Unconditional LoveWhere stories live. Discover now