🍒 18 🍒

7K 1K 289
                                    

Unicode

"ကိုကို...ကျွန်တော်ပြောတာ နားထောင်ပါဦး"

ကားဘေးကနေ ပြေးလိုက်နေသော်လည်း တဖြည်းဖြည်းအရှိန်မြင့်လာတဲ့ ကားလေးက
Jiminနဲ့ဝေးရာဆီသို့ရောက်နှင့်နေပြီး လမ်းမ
ထက်မှာတော့ အရုပ်ကြိုးပြတ်လဲကျနေသည့်
ကောင်လေးတစ်ယောက်သာ ကျန်ရှိနေသည်။

သူအခုလိုပြိုလဲနေလို့မဖြစ်သေးဘူး။Jungkook
ဆီကို လိုက်သွားပြီးတော့ သေချာရှင်းပြရဦးမယ်
မဟုတ်လား။ Jungkookကို ရှင်းပြဖို့အတွက်
ကြိမ်ဖန်များစွာ သူတစ်ယောက်ထဲ လေ့ကျင့်ခဲ့ပြီး
ပြီဖြစ်သော်လည်း တကယ်တမ်းကျတော့ စကား
လုံးတွေက လည်ချောင်းဝမှာပဲ တစ်ဆို့နေကာ
ရှောရှောရှူရှူထွက်ကျမလာခဲ့။

အိမ်ထဲသို့ ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ ပြန်ဝင်ခဲ့ကာ
ကားသော့လေးကိုလှမ်းယူလိုက်သည်။ကားပေါ်
ပြန်တက်ပြီး စက်နှိုးလိုက်သော်လည်း ဒီအခြေ
အနေနဲ့ သူဘယ်လိုမှ ကားမောင်းနိုင်မှာမဟုတ်
ဘူးဆိုတာကို သိနေတယ်။စတီယာရင်ပေါ်ခေါင်း
ငိုက်စိုက်ချကာ ရင်ဘတ်လေးကို ဖိထားရင်း
အချိန်အတော်ကြာအောင် ရှိုက်ငိုနေမိသည်။

"TaeHyung"

"အေး... အိမ်ပြန်ရောက်သွားပြီလား"

"ငါ့ဆီလာခဲ့ပေးပါဦးTaeHyungရယ်"

"ဟေ...ဘာလဲ...မင်းငိုနေတာလား။ဘာဖြစ်
တာလဲ"

"အိမ်ကိုအရင်လာခဲ့ပါ..."

"ဟေ...အေးအေး အခုလာပြီနော်"

TaeHyungရောက်လာတော့ Jiminက သူ့ကား
ဘေးနားမှာ ငုတ်တုတ်လေးထိုင်နေလေသည်။
Jiminရဲ့ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်
ရီနေကာ မျက်ရည်စတို့ကလဲ အဆက်မပြတ်
စီးကျနေသည်။ အခုနကလေးတင် သူ့ဆိုင်ကနေ
ပြန်သွားတာ အကောင်းကြီးရှိသေးတယ်။

"Jimin...Jimin"

"TaeHyung ah"

"အေး....ဘာလို့လဲ ဘာလို့ထိုင်ငိုနေတာလဲ"

"Jungkook လေ...သူ အခုနက အိမ်ရှေ့ကိုရောက်လာတယ်"

"ဘာ...သူက ဘယ်လိုလုပ်ရောက်လာတာလဲ"

"ငါမသိဘူး"

"အခုရော ဘယ်ရောက်သွားပြီလဲ"

Unconditional LoveWhere stories live. Discover now