🍒Finale (Unicode)🍒

9.3K 771 190
                                    

အနွေးဓာတ်ငယ်လေး တည်ရှိရာအရပ်ဒေသ
၏မနက်ခင်းလေးသည် သာမန်မနက်ခင်း
တစ်ခုထက်ပို၍ အသက်ဝင်လှပနေတတ်
သည်။Jungkookအချစ်ရဆုံးမနက်ခင်းလေး
တွေဟုဆိုလျှင်လဲ မမှားနိုင်...။

ကိုယ့်ဘက်ကမပြည့္စုံမှုကြောင့်သာ လက်
ထပ်ဖို့စောလွန်းသေးတယ်တွေးခဲ့မိပေမဲ့
မနက်ခင်း အိပ်ရာကနိုးတဲ့အချိန် Jiminကို
မတွေ့ရရင်ကို သူမနေတတ်တော့တာ ကြာပြီ။မအိပ်ခင်လဲ Jiminကို ကြည့်ပြီးမှ...။
အိပ်ရာကနိုးနိုးချင်းလဲ Jiminကို မြင်ရမှ။

"ကိုကို နိုးလာပြီ...သက်သာရဲ့လား"

ကုတင်စွန်းလေးမှာ ကပ်ထိုင်ကာ သူ့နဖူးပြင်
ပေါ်က ဆံစတို့ကို ခပ်ဖွဖွသပ်တင်ပေးရင်း
အမေးစကားဆိုလာသည့် ကောင်လေးကို
သက်သာတဲ့အကြောင်း ခေါင်းညိတ်ကာ အဖြေပေးပြီးနောက် ကောင်လေးရဲ့ပေါင်
ကို ခေါင်းအုံးကာ ပြန်ခွေနေလိုက်သည်။

"ဆေးရုံရော သွားနိုင်ရဲ့လား"

"အင်း"

"အဲ့ဒါဆိုထတော့လေ... နောက်ကျနေဦး
မယ်။ ကျွန်တော်လဲ ဆိုင်ကိုသွားတော့မှာ"

"ခဏလေးပါ"

Jimin က ပြတင်းတံခါးဘက်သို့ မျှော်ငေး
ကာ ငြိမ်ငြိမ်လေးထိုင်နေစဉ် Jungkookက
တော့ Jiminရဲ့ ဗိုက်သားချပ်ချပ်လေးနား
သို့တိုးဝင်ကာ ကိုယ်သင်းနံ့လေးကို ငြိမ်သက်
စွာ ခံစားနေလေသည်။

"ကောင်လေး"

"ဗျာ"

"ဖိုးဖိုးတို့က ကိုကိုနဲ့သဘောမတူရင် ဘယ်လို
လုပ်ကြမလဲ"

"သဘောမတူလဲ ကျွန်တော်က ကိုကို့ကို
မထားသွားဘူးဆိုနေ"

လူကြီးတွေဆီခွင့်တောင်းဖို့ နှစ်ဦးသဘောတူ
ပြီးသည့်နေ့ကတည်းက ခဏခဏအမေးခံရပြီး တူညီတဲ့အဖြေကိုပဲ အကြိမ်ကြိမ်ပေးနေရ
သည်မို့ Jiminရဲ့အသံက စိတ်မရှည်တော့
သလို ခပ်စူးစူးလေးထွက်လာသည်။သို့ပေမဲ့
ထားမသွားပါဘူးဆိုသည့်အဓိပ္ပါယ်လေးက
တော့ ချစ်စရာကောင်းစွာပျော်ဝင်နေဆဲ
ဖြစ်သည်။သူ့မှာ ချစ်လိုက်ရတာ။

ထားမသွားပါဘူးလို့ ပြန်ဖြေတတ်တဲ့ ကလေး
ငယ်ရဲ့ အသံလေးက သူ့ကမ္ဘာအတွက် ဘယ်
လောက်အထိတောင် ခွန်အားဖြစ်စေသလဲ
ဆိုတာကို နှိုင်းဆပြဖို့ စကားလုံးပင်ရှာမရနိုင်။

Unconditional LoveWhere stories live. Discover now