Flower Tea

14.3K 1.5K 242
                                    

Flower Tea

|Unicode Version|

"အဝတ်အစားတွေက အဲ့လောက်အများကြီးမလိုပါဘူး Jungkookရာ"

ဘီဒိုထဲက ရှိသမျှအဝတ်တွေအကုန်လုံးနီးပါးကို စိတ်ကြိုက်ရွေးယူနေပြီး အဝတ်အိတ်ထဲသို့ မရမကထိုးထည့်ဖို့ကြိုးစားနေသည့် မြေးပေါက်ကိုကြည့်ကာ ​ကျောင်းဆရာက ​ပြောလိုက်သည်။

"ဘယ်နှရက်ပဲနေနေ ခရီးသွားတဲ့အခါ ဖက်ရှင်ကလည်း အရေးကြီးသေးတယ်။ ကိုကို ဒါ​တွေ နားမလည်ပါဘူး"

အိပ်ဆောင်လေးရဲ့ကြမ်းပြင်ပေါ်မှာ ဟိုတစ်ပုံ ဒီတစ်ပုံ ပွစာကြဲနေသည့် ​စာရေးဆရာရဲ့ ပစ္စည်းများနှင့်အဝတ်များကို ကျောင်းဆရာကိုကိုက စုစည်းပုံပေးလိုက်ရင်း ဘေးမှာဝင်ထိုင်လိုက်သည်။

"မင်းဟာက မဟုတ်လည်း ဆယ်ထည်စည်းတွေပဲကို"

"အရောင်မှမတူတာ"

Jiminသည် အထိမခံနိုင်သည့် ဆယ်ထည်စည်းအဝတ်များကို ကာကွယ်လိုက်သည့် ​စာရေးဆရာလေး၏ အဖြေကြောင့် ရယ်လိုက်မိသည်။ အေးလေနော် မြေးပေါက်ပြောသလို အရောင်တွေမှမတူတာကို။

"ကိုကိုက ထည့်ပြီးပြီလား"

"အင်း ပြီးပြီ"

Jungkookက အခန်းလေးထဲ ဝေ့ကြည့်လိုက်ပြီး အခန်းထောင့်မှာချထားသည့် အဝတ်သေတ္တာလေးကို မြင်မှ ယုံသွားသည့်ပုံပင်။

"ကဲ ငါတော့ အိပ်တော့မယ်"

Jiminသည် အိပ်ရာခင်းပြီးသည်နှင့် စာရေးဆရာမြေးပေါက်ကိုပင် မစောင့်တော့ဘဲ တဝါးဝါးသမ်းဝေလိုက်ရင်း အကြောဆန့်ကာ အိပ်ရာခင်းပေါ်သို့ လဲချလိုက်တော့သည်။

ခပ်လှမ်းလှမ်းရှိ မြေးပေါက်ကတော့ ဖြစ်နိုင်ရင် အိပ်ဆောင်တစ်ခုလုံးကိုပါ မ,လာလို့ရရင် အဝတ်သေတ္တာထဲထည့်ကာ သယ်လာဦးမည့်ပုံပင်။

ချစ်ရတဲ့ စာရေးဆရာပေါက်စလေး အလုပ်​ရှုပ်နေတာကို ကြည့်နေရင်းကပဲ ငိုက်မြည်းစပြုလာတာမို့ သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့တော့သည်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now