အပိုင်း (၁၅)
Unicode Version
ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် ဟေးခနဲအော်ကာ စာအုပ်တွေကောက်သိမ်းနေသည့် ကလေးတပြုံကြီးကိုကြည့်ကာ Jiminပြုံးလိုက်မိသည်။
အသီးသီးလာကြိုကြသည့် မိဘများလည်းရှိသလို အလုပ်မအားလပ်တဲ့ မိဘတွေအတွက်လည်း ကျောင်းကြိုကားလေးက ရောက်နေပြီမို့ သိမ်းစရာရှိတာသိမ်းဆည်းပြီး အခန်းတံခါးပိတ်လိုက်သည်။
ကျောင်းအုပ်ကြီးရုံးခန်းထဲ ဝင်ခဲ့တော့ သူ့ထက်အရင်ရောက်နှင့်နေသည့် အယ်ဘင်းကိုတွေ့လိုက်ရသည်။ သူ့အားမြင်သည်နှင့် အပြုံးတစ်ပွင့်နှင့်နှုတ်ဆက်လာတာမို့ ပြန်လည်ပြုံးပြလိုက်သည်။
"ဆရာလေး အဆင်ပြေရဲ့လားခင်ဗျာ"
"ဟုတ်ကဲ့ ပြေပါတယ်"
"တခုခုဆို ကျွန်တော်တို့အားလုံးကို ဖွင့်ပြောလို့ရပါတယ်"
"ဟုတ်ကဲ့ ဒါဆို ခွင့်ပြုပါဦး"
ကျောင်းအုပ်ဆရာကြီးကိုရော အယ်ဘင်းကိုရော နှုတ်ဆက်ကာ ကျောင်းရုံးခန်းလေးထဲမှ ပြန်ထွက်လာခဲ့လိုက်သည်။
"ဆရာ တာတာ့"
ကလေးသေးသေးလေးတွေက ကျောင်းကြိုကားလေးပေါ်မှတဆင့် သူ့အားလက်ပြနှုတ်ဆက်နေတာမို့ ပြန်လည်လက်ပြကာ နှုတ်ဆက်လိုက်သည်။
ကျောင်းကြိုကားလေးထွက်သွားပြီး သိပ်မကြာခင်မှာပဲ မနက်ကသူလိုက်ပါစီးနင်းခဲ့သည့် ပန်းစည်းပို့သည့် စျေးကားလေးလည်း ဆိုက်ရောက်လာတော့သည်။
"နောက်ကျသွားရင် တောင်းပန်ပါတယ် ဆရာရေ့"
"မဟုတ်တာပဲ"
Jimin ပြုံးလျက်ဆိုလိုက်ရင်း ကားရှေ့ခန်းမှာ ဝင်ထိုင်ဖို့ပြင်လိုက်သည်။ သို့သော် အနားရောက်လာတဲ့ လူရိပ်တစ်ရိပ်ကြောင့် နောက်ကိုပြန်လည် ငဲ့ကြည့်လိုက်မိသည်။
"အယ်ဘင်း?"
"ကားဆရာရှင့် ကားကြုံလိုက်ချင်လို့ပါ"
"ဆရာမလေးက ဘယ်အထိပြန်မှာလဲဗျ"
"ကြာကန်ဘက်က အိမ်တန်းလေးတွေဆီပါ"
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞