အပိုင်း (၁၃)
Unicode Version
"နိုးပြီလား"
ငုတ်တုတ်ကြီးထထိုင်ကာ ဘာစကားမှပြန်မဖြေသည့် ဆံပင်ဖွာလန်ကြဲနှင့် စာရေးဆရာကိုကြည့်ပြီး Jimin မျက်ခုံးပင့်လိုက်သည်။
"ခေါင်းကိုက်လိမ့်မယ် ဒါသောက်ထားနှင့်"
စားပွဲပုလေးပေါ်မှာ အမူးပြေရိုးရာဆေးရည်တချို့တင်ထားသည်။ ထိုစားပွဲလေးကို အိပ်ရာထကာစ အရုပ်ဆိုးဆိုး ကြောင်ချေးအိုးလေးရှေ့မှာ ချပေးပြီးသည်နှင့် အခန်းထဲကထွက်ဖို့ ခြေလှမ်းလိုက်သည်။
"ညတုန်းက"
ကြွလက်စ ခြေထောက်တွေပင် ယိုင်ချင်သွားသည်။ ထို့အတူ ထိုကြောင်ချေးအိုးမြေးပေါက်တစ်ယောက် ဘာဆက်ပြောမလဲဆိုတာကိုလည်း နားစွင့်နေမိသည်။
"ညတုန်းက"
"......."
"ညတုန်းက"
ဆက်မပြောဘဲ ညတုန်းကမှာပဲတစ်နေတာမို့ Jiminရဲ့ခုန်နေသည့်ရင်အစုံပင် ပြန်ငြိမ်သွားရှာတော့သည်။
"မပြောရင်လည်း သွားပြီ"
ကျောင်းဆရာနော်။ အေး စိတ်ကတော့မရှည်ဘူး။ တဖက်တွင်လည်း စာရေးဆရာဆိုတဲ့အတိုင်း တခုခုဆို အချိန်ဆွဲလိုက်တာလည်း လွန်ပါရော။
"မဟုတ်ဘူး ညတုန်းကလေ ကျွန်တော့်ခွေးလေးတစ်ကောင်နဲ့ ဖက်အိပ်နေတာတဲ့"
ဘာ?
"အဲ့ခွေးလေးကို နမ်းလည်းနမ်းလိုက်တယ် တကယ်အပြင်ကအတိုင်းပဲ ပြီးတော့ အဲ့ခွေးလေးက မွှေးလည်းမွှေးတယ်"
Jiminတစ်ယောက် ဒေါသကြောင့် ဆွေ့ဆွေ့ခုန်မတတ် နောက်ပြန်လှည့်လိုက်သည်။ သို့သော် အတည်ပေါက်ကြီး ခွေးကိုနမ်းခဲ့သည်ဟု တစ်ထစ်ချပြောနေသည့် စာရေးဆရာရဲ့မျက်နှာကိုမြင်တော့ ပြောမထွက်။
ညတုန်းက အသည်းအသန်လိုက်နမ်းနေတာ သူမဟုတ်တဲ့အတိုင်း။ ညတုန်းက လှုပ်မရအောင်ဖက်ထားခဲ့တာ သူမဟုတ်တဲ့အတိုင်း။ တကယ်ကို သူဘာမှမလုပ်ခဲ့တဲ့ မျက်နှာလေးနဲ့။
အံ့ရော အံ့ရော။
"ဘာလဲ တကယ်ပြောပြနေတာ"
"အော စနေတယ်လည်းမထင်ပါဘူး ကြည့်ရတာ ခွေးနဲ့နမ်းရတာကို သဘောကျနေပုံပဲ ဟင်းဟင်း"
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞