အပိုင်း ၈

12.8K 2.1K 408
                                    

အပိုင်း (၈)

Unicode Version

"Jungkook Jungkook ထဦး"

"အင်ဟင်~"

အနည်းငယ်ကိုက်နေတဲ့ခေါင်းကို ဖိကိုင်လိုက်ရင်း အင်္ကျီရင်ဘတ်ပွင့်ကြီးနှင့် အိပ်ပျော်နေသော Jungkookကို နှိုးကြည့်မိသည်။ လူကို ဖက်လုံးအောက်မေ့နေလားမသိဘူး တစ်ညလုံးအသေဖက်ပြီးခွအိပ်ထားလိုက်တာများ အသားတွေတောင်နာတယ်။

"Jungkook ထဦးလို့"

"ဘာလဲ ဘာဖြစ်လို့လဲ"

မျက်လုံးကိုပွတ်နေတဲ့ လူကောင်ကြီးကြီး ကလေးပေါက်စကိုကြည့်ပြီး Jiminခေါင်းခါလိုက်မိသည်။ ကွေးလိမ်လိမ်ဆံပင်တွေကလည်း ဟိုထောင်ဒီထောင်နှင့်ပင်။ ဘယ်လိုများ မင်းက ငါ့အိမ်ထောင်ဖက်ဖြစ်လာဦးမလဲ။

"ငါတို့မနေ့ကသောက်တာများသွားလို့ထင်တယ်"

သူ့နည်းတူ ခေါင်းကိုဖိနေတဲ့Jungkookကို လှမ်းပြောလိုက်သည်။

"ဒါနဲ့ ခင်ဗျားက ဘာလို့အင်္ကျီမပါတာလဲ"

"ညက ပူလို့ဖြစ်မှာပေါ့"

"ကျွန်တော့်အင်္ကျီကရော ဘာလို့"

ကိုယ့်ရင်ဘတ်ကိုယ်ငုံ့ကြည့်ကာ ပွင့်နေတဲ့အင်္ကျီစကို ဆတ်ခနဲဆွဲစိလိုက်ပြီး Jiminကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ Jimin သက်ပြင်းချလိုက်သည်။

"မင်းကိုငါကတခုခုလုပ်လိုက်တယ်လို့တော့ မတွေးဘူးမလား ညကမူးတာမှန်ပေမဲ့ ငါမင်းကိုလက်ဖျားနဲ့တောင် မထိဘူးကွ"

"ရိုးရိုးပြောလည်းရပါတယ် ဘာကိစ္စလာအော်နေတာလဲ ခင်ဗျားကမထိဘူးဆိုတော့ ကျွန်တော်ကထိတယ်လို့ပြောချင်တာလား"

"အေးလေ မင်းထိတာလေ မင်းရဲ့ဟော့ဒီလက်ကြီးနဲ့ငါ့ကိုဖက်ထားတာလေ မြင်လား လက်ရာကြီးသက်သေပဲ ကြည့် ကြည့် "

Jiminတသက်နဲ့တကိုယ် ဒီအသက်အရွယ်ရောက်မှ ယခုလိုကလေးတွေလို စကားနိုင်လုရလိမ့်မယ်လို့ မတွေးခဲ့ဖူးပါ။ နဂိုကတည်းက ကိုယ်တိုင်ကလည်း သိပ်မပြောတတ်ရှာတော့လေ။

"ခင်ဗျားက ဘာလို့မှိန်းခံနေလဲ တွန်းထုတ်လိုက်လေ"

"ထုတ်တာပဲလေ မင်းကတွန်းလေပိုဖက်လေမို့ ငါငြိမ်နေလိုက်တာပေါ့"

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now