အပိုင်း ၅

14.9K 1.9K 255
                                    

အပိုင်း ၅

Unicode Version

တတောင်တောင်နှင့် အဆက်မပြတ်ပေါ်လာသည့် မှတ်ချက်များကို မျက်မှန်ကြီးပင့်ကာ မှီသမျှတချက်လိုက်ဖတ်လိုက်သည်။

"ဟိုင်း အစ်ကိုတဲ့ ဟိုင်းပါ"

အလယ်ခွဲထားတဲ့ဆံပင်ကို တချက်ပြန်ပြင်လိုက်ရင်း ခပ်ပြုံးပြုံးနှင့်ဖြေလိုက်သည်။ တကယ်တမ်း အဲ့လောက်အထိမလိုအပ်ဘူးဆိုပေမဲ့ သူ့မှာဆောင်ပုဒ်ရှိတယ်လေ။

အဲ့ဒါက စခရင်ရှော့ခ်ရိုက်ရင်တောင် လျှပ်တပြက်ရိုက်ချက်ဆိုရင်တောင်မှ ကြည့်ကောင်းနေရမယ်ဆိုတာပဲ။ ဟင်းဟင်း။

"နာမည်ခေါ်ပေးပါ? ဂယ်ဂူရီ? မင်္ဂလာပါနော် ဂယ်ဂူရီရေ"

Jungkookနှင့်ခပ်လှမ်းလှမ်းတွင်ထိုင်နေသော Jiminတစ်ယောက် ဂယ်ဂူရီဟူသောနာမည်ကြောင့် အသံမထွက်အောင် ကြိတ်ရယ်လိုက်မိသည်။ [ဂယ်ဂူရီ=ဖား]

လိုက်လည်းလိုက်တဲ့ စာရေးဆရာနဲ့စာဖတ်သူတွေ။ အကုန်လုံး တကယ့်ပေါက်ကရရှစ်ဆယ်နဲ့ အူကြောင်ကြားလေးတွေ။

မျက်မှန်ကြီးတပင့်ပင့်နဲ့ အင်မတန်ဂိုက်ပေးကြမ်းနေပါသော စာရေးဆရာလေးရဲ့liveလွှင့်နေမှုကို Jiminမသိမသာပင် အကဲခတ်နေလိုက်သည်။

အမှန်က သူ့အဘိုးရောက်လာမလာကို Jiminအားအစောင့်အဖြစ်ထားကာ စောင့်ကြည့်ခိုင်းတာပင်။ ဒီအတိုင်းတော့ ဘယ်ဟုတ်မလဲ အပေးအယူတော့ရှိတာပေါ့။ လက်ပေါက်ကပ်လွန်းတဲ့အဆိုးလေးက သူခိုင်းသမျှလုပ်ပေးပါမယ်ဆိုလို့လေ။

"စာပို့ထားပါတယ်တဲ့ ဟုတ်ကဲ့ အကုန်ဖတ်ပြီးပါပြီ ကျေးဇူးအများကြီးတင်ပါတယ် ပြန်စာတွေလည်းပို့ထားပါတယ်နော် မကြာခင်ရောက်လာပါလိမ့်မယ်"

Liveလွှင့်ပြီး စာဖတ်ပရိသတ်တွေနဲ့ အမေးအဖြေလုပ်နေတဲ့ကောင်လေးမှ အကြည့်လွှဲလိုက်ရင်း ရိုးရာအိမ်အမြင့်ရဲ့အောက်ဘက်ခပ်လှမ်းလှမ်းမှာ ဖွေးဖွေးလှုပ်အောင်ပွင့်နေကြသည့် Siberianဂန္ဓမာဖြူဖြူတွေဆီမှာ မျက်လုံးအစုံကို ကျောက်ချလိုက်သည်။

လေညှင်းသွဲ့သွဲ့နောက်မှာ ယိမ်းခါနေကြသည့် နေရောင်အောက်က ပန်းဖြူဖြူတွေသည် စိတ်အာရုံရော အမြင်အာရုံကိုပါဖမ်းစားနိုင်လွန်းလှသည်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now