အပိုင်း (၁၁)
Unicode Version
"ညီတော် ညီတော်!"
"ဘာဖြစ်လို့လဲ ဟျောင်း"
ယပ်တောင်ကို အဆောင်ရှေ့ကြမ်းပြင်ပေါ်မှာတင်ထားသည့် စားပွဲအသေးလေးပေါ် အသာချလိုက်ရင်း အစ်ကိုဝမ်းကွဲကို နောက်ပြန်လှည့်မေးလိုက်သည်။
"မရီးတော်ကို တွေ့ပြီးပြီလား"
"ဟင့်အင်း အခန်းထဲပဲနေမှာပေါ့ ဘာလို့လဲ"
"ကြည့်ကြည့်ပါဦး"
အလောသုံးဆယ်ဖြစ်နေတဲ့ အစ်ကိုတော်ကို နားမလည်သလိုတချက်ကြည့်လိုက်ရင်း ဘာလဲဟဆိုပြီး Jungkook ရေရွတ်လိုက်မိသည်။
ကျွီ။
အခန်းတံခါးနှစ်ချပ်ကို အသာဆွဲဖွင့်လိုက်ရင်တော့ ကျောင်းဆရာကိုတွေ့ရလိမ့်မည်ဟု မျှော်မှန်းထားမိပေမဲ့ လက်တွေ့တွင်တော့ ရှင်းလင်းနေသည့်အခန်းထဲတွင် ဘယ်သူမှရှိမနေ။
"ရှိလား?"
"ဟင့်အင်း မရှိဘူး ဟျောင်း"
နောက်ကိုပင်လှည့်မကြည့်တော့ဘဲ အခန်းထဲဝုန်းဒိုင်းကြဲဝင်လိုက်ကာ ခေါက်လျက်သားရှိနေသည့် ယနေ့အတွက် ပြင်ဆင်ထားသည့်ဝတ်စုံကို ကောက်ယူကြည့်လိုက်သည်။
"သူ ထွက်ပြေးသွားပြီ ဟျောင်း"
တောင်းပန်စာတစ်စောင်နှင့်အတူ ပွဲနေ့မှာမှ ပျောက်ဆုံးသွားတဲ့ကျောင်းဆရာကို သူဘယ်လိုနားလည်ပေးရမလဲဆိုတာကို မသိတော့။
"ထင်နေတယ် ထင်နေတယ် ကိုယ်တော်မနေ့ညကတည်းက ဒီလိုဖြစ်မယ်ဆိုတာရိပ်မိပေမဲ့"
"သူဘယ်ကိုသွားမလဲဆိုတာ ဟျောင်းရိပ်မိလား"
Jungkookရဲ့အမေးကြောင့် အစ်ကိုတော်ဆော့ဂျင်တစ်ယောက် မျက်လုံးလေးကလယ်ကလယ်ဖြစ်သွားကာ တစ်ခုခုကို အသည်းအသန် တွေးနေတော့သည်။
"စံအိမ်တော်အရှေ့ကတော့မဖြစ်နိုင်ဘူး ဒီလောက်အလုပ်သမားတွေရှုပ်ယှက်ခတ်နေတာ"
အစ်ကိုတော်ရဲ့စကားကြောင့် Jungkookကိုယ်တိုင်လည်း စံအိမ်ကြီးရဲ့ထွက်ပေါက်မှန်သမျှကို မှန်းဆကြည့်ရတော့သည်။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞