အပိုင်း ၂၂

12.1K 1.7K 310
                                    

အပိုင်း (၂၂)

Unicode Version

"ဟဲ့ သားငယ် ဒါကဘယ်ကိုတုန်း"

"ကျောင်းဆရာဆီလိုက်သွားမလို့"

ကျောပိုးအိတ်ကိုပစ်ချကာ ချက်ချင်းပင် ဆိုးလ်ကိုလိုက်ဖို့ပြင်နေတဲ့သားတော်မောင်ကြောင့် မိဘနှစ်ပါးခမျာ ပြူးပြူးပြာပြာဖြစ်သွားရသည်။

"ခုလိုက်သွားလို့ အဆင်မပြေလောက်ဘူး သားရယ်"

"ဘာလို့မရ,ရမှာလဲ ဟျောင်းနဲ့ကျွန်တော်က အခုထိတရားဝင်လက်ထပ်ထားတုန်းလေ"

"ဟ-ဟျောင်း?"

အဖိုးဖြစ်သူအပါအဝင် တစ်မိသားစုလုံးရဲ့အကြည့်တွေက Jungkookပေါ်ကို ရောက်ရှိလာကြပြီး မျက်တောင်တွေပါ ပုတ်ခတ်ပုတ်ခတ်လုပ်ကုန်ကြသည်။

"အဟမ်း ဘာဖြစ်လို့လဲ"

ဟန်ကိုယ့်ဖို့ဆိုသည့်အတိုင်း မျက်နှာကိုတင်းတင်းပြင်လိုက်ရင်း ခပ်တည်တည်ပင်မေးခွန်းထုတ်လိုက်သည်။ ဟုတ်တယ်လေ သူပြောတဲ့ထဲ ဘာမှားတာပါလို့လဲ?။

"ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ သူတို့က မနက်ဖြန်ဒီကိုလိုက်လာမယ်တဲ့"

"ကျောင်းဆရာရောပါမှာလား?"

"အဲ့ဒါတော့ ပြောမသွားဘူး"

Jungkook ဒေါသကထောင်းခနဲထွက်သွားမိသည်။ ဘယ့်နှယ့် သူများကာမပိုင်ကို အသိတောင်မပေးဘဲ လွန်လွန်မင်းမင်း လိမ်ခေါ်သွားရတယ်လို့!။

"စိတ်တိုလို့သေတော့မှာပဲ"

"အေးလေ အတင့်ရဲလိုက်တာ"

ညီအစ်ကိုနှစ်ယောက် တက်တခေါက်ခေါက်ဖြင့် ကြိတ်မနိုင်ခဲမရစွာပင် မျောက်မီးခဲဖင်ခုထိုင်သလိုဖြစ်နေကြတော့သည်။

"ညီတော် မရီးတော်ကို ကွာပေးစရာမလိုဘူးနော်"

"ကွာစရာလားဗျ"

နှစ်ယောက်သား အတိုင်အဖောက်ကလည်း ညီနေပြန်တာမို့ အဖိုးဖြစ်သူခမျာ ရယ်ရအခက် ငိုရအခက်ပင်။ နောက် အတန်ကြာဆွေးနွေးပြီးသည့်နောက်တွင်တော့ မနက်ဖြန်ကိုသာထိုင်စောင့်ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now