အပိုင်း ၁၄

13.1K 1.8K 444
                                    

အပိုင်း (၁၄)

Unicode Version

စံအိမ်ကိုပြန်နေသည့် လမ်းတလျှောက်လုံး ဘေးချင်းကပ်က စာရေးဆရာရဲ့ အရိပ်အကဲခတ်နေမှုတွေကြောင့် Jimin မျက်နှာမပျက်မိစေရန် သတိထားနေရသည်။

"ခဏလေးနေဦး"

အဆောင်ဆီကိုသွားဖို့ပြင်နေတဲ့ Jiminရဲ့ခြေလှမ်းတွေ ရပ်တန့်သွားရသည်။ ဘာများပြောမလဲဆိုသည့် အတွေးနှင့်အတူ ရင်ကတဒိတ်ဒိတ်။

"ဘာလို့လဲ"

"ထမင်းမစားတော့ဘူးလား နေ့လည်စာစားချိန်ရောက်နေပြီ"

"အော် အင်း မဆာသေးလို့"

"မရီးတော်ကလည်း တခါတည်းသုံးဆောင်လိုက်ပါ ပျော်စရာကြီးကို"

ဂဏန်းညှပ်ခံရသည်ဟုဆိုသော လက်ကအနာကို တဖူးဖူးမှုတ်ရင်း ပြောလာသည့်အစ်ကိုတော်ကြောင့် Jiminအားနာမိသွားသည်။ သို့ပေမဲ့ တကယ်လည်း သူ့မှာထမင်းစားချင်စိတ်ကရှိမနေ။

"နေပါစေ မစားချင်တာကို ဇွတ်ကျွေးလို့ဘယ်ကောင်းပါ့မလဲ သွားစို့ အစ်ကိုတော်"

လှည့်ထွက်သွားတဲ့ စာရေးဆရာလေးက Jiminဘာမှပြန်မပြောနိုင်ခင်မှာတင် ခပ်ဝေးဝေးကို ရောက်သွားခဲ့ချေပြီ။ ထို့နောက် အစ်ကိုတော်သည်လည်း သူ့အားနှုတ်ဆက်ကာ ညီဖြစ်သူနောက်ကို ထပ်ချပ်မကွာလိုက်သွားတော့သည်။

Jimin သက်ပြင်းချလိုက်သည်။ အဆောင်လေးထဲရောက်သည်နှင့် ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း လေပူတွေကိုမှုတ်ထုတ်လိုက်သည်။

စိတ်အစဥ်သည် အတိတ်တစ်နေရာ၏ အဖြစ်အပျက်တချို့တွင် ကပ်ငြိတွယ်လျက်။

"ကိုယ့်ကို လမ်းခွဲခွင့်ပြုပါ ဘင်း"

သိပ်ကိုရိုးရှင်းလှသည့် သူနှင့်အယ်ဘင်း၏လမ်းခွဲမှုသည် ဇာတ်လမ်းတွဲတွေထဲကလို အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီဆိုင်ထဲတွင်မဟုတ်ခဲ့သလို လေတဖြူးဖြူးတိုက်ခတ်သည့် ဟန်မြစ်ကမ်းနံဘေးတွင်လည်း မဟုတ်ခဲ့။

"ရုတ်တရက်ကြီး?"

"ကိုယ့်မှာ ပြောမပြနိုင်တဲ့အခြေအနေလေးတွေရှိလို့ပါ"

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now