A trip to Wanju
Unicode Version
ဟယ်လို ဟယ်လို
မတွေ့ရတာ ကြာပြီနော်။
ကျန်းကျန်းမာမာရှိကြရဲ့လား။ရုတ်တရက်ကြီး စိတ်ကူးပေါက်လာလို့ စာဖတ်သူတွေကို ဝမ်ဂျူဆီ တစ်ခေါက်လောက် အလည်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ ကဲ ဒါဖြင့် ဝမ်ဂျူနယ်သား စာရေးဆရာမြေးပေါက်တို့အတွဲနဲ့ အစ်ကိုတော်တို့ ဘယ်လိုရှိနေလဲဆိုတာ ခရီးထွက်ရင်း အတူတူ တစ်ချက် သွားကြည့်ရအောင်။
Let's go!
_______________
“Good Evening!”ပြုံးတုံ့တုံ့နှင့် မျက်နှာချောချောတစ်ခုက အတန်းလေးထဲ ဝင်ချလာသည်။ မျက်မှန်တပ်ထားကြောင့်လားမသိ၊ လိုက်ဖက်ပြီး ကြည့်ကောင်းကာ ခန့်ခန့်သန့်သန့်လည်း ရှိလှသည်။
“အိမ်စာတွေ လုပ်ခဲ့ကြလား”
“ဟုတ်ကဲ့”
“ဘာအိမ်စာလဲ”
“အိမ်စာပေးလိုက်တာလား”
နောက်ဆုံးတန်းဆီက ခပ်တိုးတိုးစကားသံနှစ်ခုက ပြိုင်တူဆိုသလို ထွက်ကျလာသည်။ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်း မျက်လုံးတွေ အပြင်သို့ ထွက်ကျလုမတတ် ပြူးခနဲ။
နှစ်ယောက်သား စာအုပ်လှန်နေကြသည့် ရှေ့တန်းက လူတွေကို တစ်ချက် လှမ်းရှိုးကြည့်လိုက်တော့ အတော်များများက ရေးလာခဲ့ကြပုံပေါ်သည်။ အေးအေးလူလူပင် စာအုပ်ထုတ်ကာ လိုက်စစ်မှာကို အသင့်စောင့်နေကြသည်။
နောက်ဆုံးတန်းဆီမှာ လှုပ်လှုပ်ယွယွဖြစ်နေသည့် နှစ်ယောက်ကြောင့် နမ်ဂျွန်ရဲ့အကြည့်တွေက ထိုလူနှစ်ယောက်ဆီ ဒတ်ခနဲ ရောက်ချလာသည်။
“လုပ်ဦး ကြည့်နေပြီ”
“ဟန်မပြတ်နေလေ”
ခုံအောက်ကနေ ဆွဲဆိတ်ရင်း အမူအရာပျက်နေသည့် အတန်းသားနှစ်ယောက်ကို နမ်ဂျွန် သိပ်ပြီး မသင်္ကာချင်တော့။ ဒါကြောင့် ရှေ့ဆုံးတန်းက စာအုပ်တွေကို ကျော်ခဲ့ကာ ၎င်းနောက်ဆုံးတန်းဆီကိုပဲ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞