အပိုင်း ၁၀

12.7K 1.8K 266
                                    

အပိုင်း (၁၀)

Unicode Version

"ဗျာ!"

မီးရောင်အောက်မှာရှိနေတဲ့ Jimin မျက်နှာက သိသိသာသာပင် ပျက်ယွင်းသွားခဲ့သည်။ သူ ဒုတိယအကြိမ် ချောင်ပိတ်ရိုက်ခံရပြန်ပြီ။

"အဲ့ဒါက"

Jimin အသက်ရှူမဝသလို ခံစားလိုက်ရသည်။ အခု အဒေါ်ဖြစ်သူက ညီမဖြစ်သူဟယ်ဝန်းကို သူ့နေရာမှာအစားထိုးဖို့ ပြောခဲ့တာလား။ ရုတ်တရက်ပြေးမြင်လိုက်မိတဲ့ စာရေးဆရာမျက်နှာကြောင့် မျက်လွှာချလိုက်မိသည်။

"ဘာလဲ မရလို့လား"

"ဟ-ဟင် မဟုတ်ပါဘူး ရပါတယ်"

သူ့ကိုတည့်တည့်စိုက်ကြည့်ကာ ပြုံးသွားတဲ့ဟယ်ဝန်းကြောင့် လက်သီးဆုပ်လိုက်မိသည်။ ဘာပဲဖြစ်ဖြစ် ညီမလေးပျော်တာပဲလေ။

"လိမ္မာတယ် ဒီလိုဆိုမှတော့ ကိုကို့ကို ကောင်းကောင်းဆက်ဆံပေးရမှာပေါ့"

လက်မောင်းတစ်ဖက်ကို လာဆွဲကိုင်တဲ့ဟယ်ဝန်းကြောင့် Jiminမျက်လုံးပြူးသွားရသည်။ အရင်ကတည်းက သွေးသားဖြစ်တဲ့ဟယ်ဝန်းနဲ့ ချစ်ချစ်ခင်ခင်နေချင်ပေမဲ့ ဟယ်ဝန်းဘက်ကတော့ သူ့ကိုခါးခါးသီးသီးပင်။

ခုတော့ ကြည့်ပါဦး။ သူ့လက်ကိုတွဲပြီး ပြုံးပျော်နေလိုက်တာ။ ဒီလိုလေးသာ အမြဲတမ်းရှိရမယ်ဆိုရင် သူဘယ်လိုအရာမျိုးကိုမဆို စွန့်လွှတ်ပစ်နိုင်မလားမသိ။

"မတရားဘူးလို့တော့ မထင်ဘူးမလား"

စားပွဲခုံအသေးလေးပေါ် ချလိုက်တဲ့လက်ဖက်ရည်ကြမ်းထည့်သည့်ခွက်က စားပွဲရဲ့မျက်နှာပြင်နှင့် အနည်းငယ်ကြမ်းတမ်းစွာ ထိခတ်မိတာမို့ ဘေးဖက်ဆီကို ရေနွေးတစ်ချို့ စင်ဖိတ်သွားခဲ့သည်။

မီးရောင်အောက်မှာ ဖိတ်စင်ကျသွားသည့်ရေနွေးတွေလိုပဲပေါ့။ သူ့အတွက် နေရာတစ်နေရာဆိုတာ ဘယ်တုန်းကမှ မတည်မြဲခဲ့တဲ့ ခဏတာချည်းပါပဲ။

"မထင်ပါဘူး"

"ဒါပေါ့ နဂိုကတည်းက ဟယ်ဝန်းနေရာပဲလေ"

Jimin ခေါင်းငြိမ့်ပြလိုက်သည်။ သူ ဒီစံအိမ်ကိုရောက်လာခဲ့တာ ဟယ်ဝန်းအစား စာရေးဆရာနဲ့လက်ဆက်ဖို့တစ်ခုတည်းနှင့် ရောက်လာခဲ့တာပင်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now