အပိုင်း (၂)
Unicode Version
"အချစ်ဆိုတာ....."
"ကိုကိုလေး အဘိုးက ညစာစားမယ်တဲ့"
"ဗိုက်မဆာသေးဘူးလို့ပြောလိုက်"
ရေမိုးချိုးပြီး အာရုံနည်းနည်းလေးရလို့ စာရေးမည်ဆိုတော့ ညစာစားချိန်ပင်ရောက်သွားခဲ့ပြီးပြီ။ ထမင်းထစားလိုက်ရင် နဂိုရနေတဲ့ အတွေးလေးတွေပျောက်သွားမှာစိုးတာကြောင့် Jungkook ငြင်းဆန်လိုက်သည်။
"ဧည့်သည်လည်းစောင့်နေတယ် ကိုကိုလေးကို"
"စိတ်ရှုပ်လိုက်တာ"
ဒီကောင်လေးရုပ်ကလေးချောပြီး ဝတ္တရားမသိတတ်လိုက်တာလို့လည်း အပြောမခံနိုင်။ အဘိုးရဲ့တောင်ဝှေးကြီးကလည်း မျက်လုံးထဲတဝဲဝဲမို့ မကျေမနပ်ပင် ဖြစ်ချင်တဲ့ဆန္ဒကိုတပ်ဆုတ်ကာ ထမင်းစားရန် လိုက်ခဲ့လိုက်တော့သည်။
"ဒီကြက်ကလည်း မျက်လုံးရှေ့ ဘယ်လိုနေနေတာလဲ"
"ကတော်~!"
သူ့ဘာသူနေနေတဲ့ ကြက်မကြီးကိုလည်း အမြင်ကတ်ပုဒ်မနဲ့ မထိတထိလေး တချက်ကန်ထည့်လိုက်သည်။ ရှေ့ကနေ အိပဲ့အိပဲ့နဲ့သွားနေသည့် ဆွန်းဂျာကတော့ သူ့အားရိုးနေပြီဟူသော အကြည့်တချက်သာလှည့်ပေးလေသည်။ ဒီဘက်ခေတ်ကလေးတွေများ အကြီးကိုအကြီးမှန်းမသိကြဘူး။
"အဘိုး ကိုကိုလေးရောက်ပါပြီ"
စားပွဲပုပုရှည်ရှည်လေးရဲ့အစွန်ဆုံးမှာ ဝင်ထိုင်လိုက်ရင်း ဘယ်သူ့ကိုမှလည်းမကြည့်ဖြစ်။ သူ့ရှေ့တည့်တည့်မှာရှိနေတဲ့ ထမင်းပန်းကန်လုံးကိုသာ စိုက်ကြည့်ရင်း စားဖို့အသင့်စောင့်နေလိုက်သည်။
"ကဲ လူစုံပြီဆိုတော့ ထမင်းစားလိုက်ကြတာပေါ့ ဒီကမြေးလေးလည်း အားမနာနဲ့နော် "
"ဟုတ်ကဲ့"
တဖက်လူကို ခုချိန်ထိ စိတ်ဝင်စားသည့်အရိပ်အယောင်မပြောနှင့် အာရုံပင်မပေးနိုင်သေး။ အရင်ဆုံး ဟင်းတွေအားလုံးက သူ့အကြိုက်ဖြစ်နေတာမို့ Jungkook တချက်တော့ပျော်သွားရသည်။
"ဟင်"
လက်လှမ်းလိုက်သည့်ဟင်းပွဲကို သူ့နည်းတူတဖက်လူကလည်းလက်လှမ်းလိုက်တာမို့ တူနှစ်ချောင်းကအပြိုင်ဖြစ်သွားရသည်။ ထိုလူက သူ့အား အားနာသလိုပြုံးပြကာ တူကိုရုတ်သွားလေသည်။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞