I am Home
Unicode Version
"ဟျောင်း!"
ကျောင်းပေါက်မှာရပ်ထားသည့် ဆိုင်ကယ်လေးပေါ်ခွလျက်သားကပင် ကျောင်းထဲကထွက်လာသည့် ကျောင်းဆရာကို လှမ်းခေါ်လိုက်သည်။
ကလေးတွေကြားက သူ့ကိုမြင်တော့ ချက်ချင်းပြုံးသွားကာ ဆိုင်ကယ်လေးနားကို ခပ်သွက်သွက်ပင်ရောက်လာသည်။ ထို့နောက် ကမ်းပေးလိုက်သည့် ဆိုင်ကယ်ဦးထုပ်လေးကို သေချာဆောင်းပြီးသည်အထိ စောင့်နေလိုက်သည်။
"သွားစို့"
စာရေးဆရာရဲ့အနောက်မှာဝင်ထိုင်လိုက်ရင်း ဆိုင်ကယ်ထွက်ရပြီဖြစ်ကြောင်း အသိပေးလာသည်။ ထိုအခါမှ Jungkookလည်း စက်နှိုးလိုက်ရင်း မူလတန်းကျောင်းလေးရှေ့မှထွက်ခဲ့လိုက်သည်။
ဆိုင်ကယ်အနောက်ဘောင်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားတာကို ပြန်လည်လွှတ်လိုက်ရင်း ကျောင်းဆရာစိတ်အေးသွားရသည်။ မဆိုးဘူး ဒီကောင်လေး ဆိုင်ကယ်စီးတာ တိုးတက်လာပြီပဲ။
"ခါးကိုဖက်ထားလေ"
"ဒီတိုင်းလည်းအဆင်ပြေတာပဲကို"
ပြောနေသည့်စကားပင်မဆုံးသေး ဆိုင်ကယ်လေးကို လမ်းဘေးမှာထိုးရပ်လိုက်ရင်း ကျောင်းဆရာရဲ့လက်နှစ်ဖက်ကို နောက်ပြန်ဆွဲယူလိုက်ရင်း စာရေးဆရာလေးက သူ့ခါးထက်မှာ ရစ်တွယ်စေလိုက်သည်။
ပြောစကားကို ဘယ်သောအခါမှနားမထောင်တတ်သည့် စာရေးဆရာလူဆိုးလေးကို နောက်ဆုံးတော့လည်း Jiminလွှတ်ထားလိုက်တော့သည်။ သေချာပါတယ် ခုချိန်ဆို ထိုကောင်ဆိုးလေးရဲ့မျက်နှာကြီး ဘယ်လောက်တောင်ပြုံးပျော်နေလိုက်လေမလဲ။
"ကိုကိုသိလား ကျွန်တော်တို့ငယ်ငယ်တုန်းက ဒီလမ်းလေးပေါ်မှာ အမြဲဖြတ်သွားဖြတ်လာလုပ်ခဲ့တာ"
"ဟုတ်လား"
"ကျွန်တော်ကအတန်းအရင်ဆင်းရင် ကိုကို့ကိုအမြဲစောင့်နေကျလေ"
စာရေးဆရာပေါက်စလေးရဲ့စကားကြောင့် အဆောင်လေးထဲကစားပွဲပေါ်မှာတင်ထားသည့် ကလေးငယ်ပိစိလေးကိုပြေးမြင်မိသည်။ ထို့နောက် 'ချစ်စရာကောင်းနေမှာပဲ'ဟု တိုးတိုးကလေးရေရွတ်လိုက်မိသည်။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞