အပိုင်း (၆)
Unicode Version
မနက်ခင်းထမင်းဝိုင်းလေးက လူသုံးဦးနှင့်ပင် အသက်ဝင်လွန်းနေပြီ။ တခြားတော့မဟုတ် Jungkook,Jiminနှင့် အစ်ကိုတော်SeokJinတို့ပင် ဖြစ်သည်။
"ညီတော်တို့ ဒီနေ့ ဘုရားကျောင်းသွားရမယ်ဆို"
ကင်မ်ချီတစ်ဖတ်ကို တူနှင့်ညှပ်ယူကာ ပါးစပ်ထဲထည့်လိုက်ရင်း မေးလိုက်သူရဲ့အမေးကြောင့် ကျန်ရှိလူနှစ်ယောက်ရဲ့ မျက်လုံးနှစ်စုံက ထိုသူထံဒတ်ခနဲ ရောက်ရှိလာကြသည်။
"ဟျောင်းကို ဘယ်သူပြောလဲ"
"ဘယ်သူကပြောတာလဲဟင်"
မေးခွန်းနှစ်ခုက တူပေမဲ့ မတူတာတစ်ခုက လေယူလေသိမ်းနှင့် အသံအနေအထားပင်ဖြစ်သည်။ တစ်ယောက်က စူးစမ်းချင်စိတ်ဖြင့်မေးတာဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ကလေးရန်လုပ်နေသည့် ပုံစံနှင့် ဆင်တူနေလေသည်။
"ရွှေစိတ်တော် အစောတလျင်မဖြစ်ကြပါနဲ့ ခဏနေရင် သိရမှာပါ အဘတော်တို့က ထိမ်းမြားမင်္ဂလာအတွက် ရက်ကောင်းရက်မြတ်ရွေးထားပြီးပေါ့"
"လျှောက်ပြောမနေနဲ့ ဘယ်သူကယူမယ်ပြောရသေးလို့လဲ!"
"တယ် ဒီညီတော် မိုးကြိုးနွယ် အထပ်လိုက်ပစ်ခံချင်နေပြီလား "
"နေ နေကြပါ ရန်မဖြစ်ကြပါနဲ့ ဒီက အစ်ကိုတော်ပြောတာ တကယ်ပဲလား"
မနေနိုင်သည့် Jiminကပဲ ဝင်တားလိုက်ရသည်။ မနေနိုင်တာထက် မတားမချင်း သူလည်းကောင်းကောင်းနေရမှာ မဟုတ်လို့ပဲ။
"ဒါပေါ့ ဒီနေ့ဘာနေ့လဲ မရီးတော်"
"ကြာသပတေးလေ"
"ဒါပဲလေ အပြင်ကိုကြည့် ဘာမြင်ရလဲ"
SeokJinမေးခွန်းကြောင့် Jiminရော Jungkookပါ အဆောင်လေးထဲကနေ အပြင်ဘက်ကို အလိုအလျောက် ကြည့်မိပြီးသားဖြစ်သွားရသည်။
"ဘာမှမမြင်ဘူး"
"အဲ့ဒီ ဘာမှမမြင်တာကိုက ကြာသပတေးဂြိုလ်နဲ့စတာပဲ ဟားဟားဟား" [ဘ=ကြာသပတေးနံ]
"ဟင် အဲ့လိုလား"
Jimin မျက်နှာက အနည်းငယ်ရှုံ့မဲ့သွားကာ ရှေ့ဆီက Jungkookကို ကြည့်လိုက်မိတော့ နံဘေးက တရှူးရှူးထိုင်စားနေတဲ့ အစ်ကိုတော်ကို မျက်စောင်းခဲနေတာကို တွေ့လိုက်ရသည်။ သေချာပေါက် စိတ်ထဲမှာ တစ်ခုခုလုပ်ပြီးနေလောက်ပြီ။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞