အပိုင်း ၁၆

14.2K 1.9K 473
                                    

အပိုင်း (၁၆)

Unicode Version

အရှေ့အရပ်ဆီမှ ရောင်ခြည်အဖြာဖြာသည် ဝမ်ဂျူနယ်လေးတစ်ခွင်ကို နွေးနွေးထွေးထွေး လွှမ်းခြုံထားလေသည်။

ဂန္ဓမာစံအိမ်ကြီးအတွင်းရှိ ကုန်းမြင့်ပေါ်ကအဆောင်လေးထဲတွင်တော့ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းမဆိုင်ဘဲ ကျောပေးကာအိပ်နေကြသည့် လူနှစ်ဦးရှိလေသည်။

တစ်ယောက်အသက်ရှူသံကိုတစ်ယောက် တိုးသက်သက်ကြားနေရသည့် ထိုအနေအထားအတိုင်း ငြိမ်သက်စွာ လဲလျောင်းနေကြမြဲ။

ညတုန်းကအကြောင်းကို ပြန်သတိရသွားတော့ နှစ်ယောက်လုံး တပြိုင်နက်ဆိုသလို မျက်နှာရှုံ့သွားသူကရှုံ့ နှုတ်ခမ်းကိုက်သူကကိုက် ဖြစ်သွားရသည်။

"ဟင်း~"

သက်ပြင်းချသံက အဆောင်လေးထဲ ထင်ထင်ရှားရှားထွက်ပေါ်လာတာမို့ Jimin မျက်ခုံးပင့်မိသွားသည်။ စာရေးဆရာရော နိုးနေတာလား?။

"နိုးနေတာလား?"

"ဟင်? ခင်ဗျားလည်းနိုးနေတာလား"

စာရေးဆရာရဲ့အမေးကို တိုတိုပြတ်ပြတ်ပင် "အင်း"တစ်လုံးတည်း ဖြေလိုက်တော့ ဘာအသံမှထွက်မလာတော့ဘဲ ထပ်ပြီးတိတ်ကျသွားသည်။

"မထတော့ဘူးလား?"

"မင်းကရော?"

တစ်ယောက်ကိုတစ်ယောက် ကျောပေးကာ အချေအတင်ပြောနေရုံကလွဲလို့ နှစ်ယောက်လုံး ဘာလုပ်ရမယ်ဆိုတာမသိ။

"မနက်စောစောသွားရင် စံအိမ်ထဲကလူတွေနဲ့လွတ်လောက်တယ်"

စာရေးဆရာရဲ့တစ်ကိုယ်တည်း ရေရွတ်သံကို Jiminတိတ်တဆိတ် နားထောင်နေမိသည်။ ဒါပေမဲ့လည်း အစ်ကိုတော်လုပ်ပေါက်ကြောင့် တစ်နယ်လုံးပျံ့နေလောက်ရောပေါ့။

တွေးမိတိုင်း သေချင်စော်နံရသည်။ အဲ့ဒါကအသာထား ကျောင်းလည်းသွားရဦးမယ်။ ဘယ်သူမှမသိအောင် မျက်နှာဖုံးပဲ တပ်ပြီးသွားရမလားလို့ ကြောင်တောင်တောင်တွေးလိုက်မိသည်။

နောက်ကျောဆီမှ ဝုန်းခနဲထ,ထိုင်လိုက်သည့်လူကြောင့် ဘာများလဲဆိုပြီး Jiminလည့်ကြည့်လိုက်မိသည်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now