အပိုင်း ၃
Unicode Version
"အောက်အီးအီးအွတ်"
ကြက်တွန်သံကိုကြားပေမဲ့ Jiminအိပ်ရာကထဖို့မစဥ်းစားမိသေး။ ယခုအချိန်ထိ မိမိကိုယ်ကိုယ် ဆိုးလ်ကအိမ်မှာပင်ဟု ထင်မြင်နေတာကြောင့်လည်းဖြစ်နိုင်သည်။
"အင်း~~"
Jiminတစ်ယောက် ပျင်းကြောဆွဲကာ မျက်လုံးမဖွင့်သေးဘဲ လက်တွေကိုဆန့်လိုက်သည်။ ထို့နောက် မြင်ကွင်းထဲပေါ်လာသည့် မရင်းနှီးသည့်မျက်နှာကြက်ကြောင့် သူအခုဝမ်ဂျူကဂန္ဓမာစံအိမ်မှာရှိနေမှန်း ပြန်လည်အသိဝင်လာသည်။
"ဟင်"
အိပ်ရာက ငေါက်ခနဲထလိုက်ရင်း တဖက်အိပ်ရာကိုကြည့်လိုက်တော့ စောင်တွေအကုန်ခေါက်သိမ်းကာ သပ်သပ်ရပ်ရပ်ပင်သိမ်းထားပြီဖြစ်သည်။ ထို့အတူ Jeonကိုကိုလေးကိုလည်း မတွေ့ရ။
မနေ့ညက တဝမ်းကွဲအစ်ကိုတော်ရဲ့ကောင်းမှုကြောင့် Jiminရဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေလည်း မကျန်ရှိတော့တာမို့ စိတ်ပျက်သွားရသည်။ ဒီအိမ်တော်ကလူတွေက တစ်ယောက်တမျိုးစီ ပုံစံအသီးသီးနှင့် ခေါင်းခဲစရာပင်။
အခန်းထဲကထွက်ဖို့ပြင်လိုက်စဥ်မှာပဲ ထောင့်စွန်းကစားပွဲအမြင့်လေးပေါ်မှာတင်ထားသည့် ဓာတ်ပုံကလေးဆီကို အကြည့်ရောက်သွားသည်။ ကြည့်ရတာ Jeonကိုကိုလေးနှင့် ဟိုတဝမ်းကွဲအကိုတော်ပဲဖြစ်မယ်။
ချစ်စရာတော့ ကောင်းသား။
အခန်းတံခါးကိုဖွင့်လိုက်တော့ လိုက်ကာစဖြူဖြူတွေဆင်ထားသည့် အခန်းပေါက်ဝရဲ့ ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ကြီးထိုင်နေသည့် စာရေးဆရာပေါက်စကို တွေ့လိုက်ရသည်။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞