အပိုင်း ၇

13.9K 1.9K 504
                                    

အပိုင်း (၇)

Unicode Version

"ကဲ ရော့"

"ဒါတွေက"

"မိုဂျူအတူလုပ်ဖို့လေ"

"မိုဂျူ?"

"အဆောင်လက်ဖွဲ့လည်းရခဲ့ပြီဆိုတော့ မကြာခင်လက်ထပ်ရမယ် အဲ့အတွက် ပထမဆုံး နှစ်ယောက်အတူမိုဂျူလုပ်ပြီး အသိတွေကို လိုက်ဝေရမယ်"

အဘိုးဖြစ်သူ ပြန်သွားချိန်တွင်တော့ စားပွဲလေးကို အဆောင်ရှေ့ကြမ်းပြင်ပေါ်မှာ နေရာတကျချလိုက်ပြီး နှစ်ယောက်လုံး ထိုင်နေမိကြသည်။

"ဒါက ဘာလဲ"

"ဆန်အရက်လေ မိုဂျူတင်မဟုတ်ဘူး ဂန္ဓမာဝိုင်ရောလုပ်ရမှာ"

"မိုဂျူရော ဂန္ဓမာဝိုင်ရောလား"

"အင်း သိပ်မခက်ပါဘူး"

"အော် ဒါဆို အရင်ဆုံးဘယ်ကစမလဲ"

"သစ်ကြံပိုးခေါက်ရယ် ဂျင်ဆင်းရယ် နွယ်ချိုရယ် ဇီးသီး(jujube)ရယ်နဲ့ရောပြီး အချဉ်ဖောက်ရမယ်"

"ဒီကောက်ညှင်းဆန်ရောလား"

"ဟုတ်တယ်"

"အိုကေ"

မိုဂျူလုပ်ရင်း စကားတပြောပြောဖြင့် နှစ်ဦးသား လုံးနေရသည်။ လုံးတယ်ဆိုတာ တခြားမထင်ပါနဲ့ ကြိုးစားပမ်းစား စိတ်ဝင်တစားနဲ့ မိုဂျူလုပ်နေကြတာကို​ဆိုလိုတာပါ။

"အဲ့ထဲကအချဉ်ဖောက်ထားတဲ့ဆန်ကို ဒီအစထဲထည့်ပြီး အရည်စစ်မယ်"

Jungkook ပြောတဲ့အတိုင်း ခေါင်းတညိမ့်ညိမ့်ဖြင့် လိုက်လုပ်ရင်း မိုဂျူဆိုသောအရာကို မည်သို့ထွက်လာမည့်အရေးတွေးကာ Jimin စိတ်လှုပ်ရှားမိသည်။

"ဂန္ဓမာဝိုင်ကတော့ ပေးဖို့မဟုတ်ဘူး ပွဲမှာသုံးဖို့"

"အော်~ အဲ့လိုလား"

"ရပြီ ဖယ်လိုက်တော့"

ကစော်ဖောက်ထားသည့် ဆန်ကိုအလွှာပါးပါးအဝတ်စထဲထည့်ထုပ်ပြီး အရည်ကျအောင် ညှစ်ဖိရသည်။ ရလောက်ပြီဆိုလောက်မှ Jungkookက အသိပေးသည်။ ထိုအခါမှ Jiminလည်း ညှစ်ဖိနေသည့်လက်ကို လွှတ်လိုက်သည်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now