အပိုင်း ၄
Unicode Version
ညသည် တိတ်ဆိတ်ခြင်း၏ဝါးမြိုမှုအောက်တွင် ငြိမ်သက်လို့နေသည်။ နာရီကိုကြည့်လိုက်တော့ ကိုးနာရီထိုးလုလုအချိန်သာရှိသေးသော်လည်း ထို့ထက်မကနောက်ကျသည်ဟု ထင်မြင်ရသည်။
ပိုးကောင်တို့၏အော်သံကိုသာ နားထောင်ရင်း Jiminတစ်ယောက် အိပ်ရာပေါ်တွင် လူးလွန့်နေမိသည်။ ခေါင်းရင်းနားက ဖုန်းကိုယူကြည့်လိုက်ပြန်တော့လည်း သူမျှော်နေသလို မည်သည့်ဖုန်းခေါ်ဆိုမှုမှရှိမနေ။
ဟင်း။
Jiminသည် သက်ပြင်းချလိုက်ရင်း ဖုန်းကိုမူလနေရာမှာ ပြန်ထားလိုက်သည်။ တဖက်အိပ်ရာခင်းကို လှည့်ကြည့်လိုက်တော့ အိပ်ရာဝင်ဖို့ပင် ကြိုတင်ပြင်ဆင်ခင်းကျင်းထားတာမျိုးမရှိသေး။အခန်းတံခါးရဲ့ဘေးမှာ စားပွဲခုံကလေးခင်းကာ သူ့ကိုနောက်ကျောပေးပြီး တကုပ်ကုပ်နှင့် စာတွေကုန်းရေးနေတာမို့ Jiminကိုပင် အာရုံမစိုက်နိုင်။
ထို့ကြောင့် Jiminလည်း လက်နှစ်ဖက်ကို ဦးခေါင်းအောက်မှာထားလိုက်ရင်း မျက်နှာကြက်ကိုသာ ကြည့်နေလိုက်တော့သည်။
"သူတို့က ဆေးခန်းမှာပြန်ဆုံကြတယ် နောက်ပြီး..."
တစ်ယောက်တည်းပွစိပွစိပြောလိုက် စာအုပ်ထဲချရေးလိုက်နှင့် စာရေးဆရာပေါက်စလေးကတော့ အိပ်ဦးမည့်ပုံမပေါ်။
ဝမ်ဂျူနယ်လေးရဲ့ ညဉ့်ကောင်လေးတွေကတော့ မအိပ်သေးသည့် မီးရောင်အောက်က Jungkookကို အဖော်ပြုကာ အော်မြည်ရင်း စောင့်ဆိုင်းပေးလို့နေလေသည်။
နာရီသံကိုးချက်တိတိကြားလိုက်တာမို့ Jiminလည်း အိပ်ပျော်ဖို့ အတင်းကြိုးစားရတော့သည်။ စားပွဲခုံလေးနားက ကောင်လေးကတော့ ခုချိန်ထိ အပတ်တကုပ်ကြိုးစားလို့ကောင်းဆဲပင်။
ဖုန်းကိုကြည့်လိုက် ပြန်ချလိုက်လုပ်နေသည့် အိပ်ရာပေါ်ကလူကို Jungkookသတိထားမိပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်သည်။
ထိုလူမျှော်နေတဲ့ဖုန်းက ဘယ်သူဆီကများလဲ။ မဟုတ်မှလွဲ ချစ်သူရည်းစားဆီကများလား။ ရည်းစားရှိနေရင်လည်း ဘာကိစ္စ သူနဲ့လက်ထပ်ဖို့ လာနေနေတာလဲ။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞