အပိုင်း (၁၉)
Unicode Version
"ငါးသွားမြှားရအောင်လေ"
အေးအေးလူလူ ဖရဲသီးစိတ်ကလေးစားနေတုန်း နံဘေးရောက်ချလာသည့် အစ်ကိုတော်။ ပါးစပ်ထဲထည့်လက်စ ဖရဲသီးစိတ်ကို အလျင်အမြန်သွပ်လိုက်ရင်း လက်ခါပြလိုက်သည်။
"မရီးတော်ကလည်း အမြဲငြင်းနေတော့တာပဲ ဘာလဲ ညီတော်ကကြောင်ကြောက်သလို မရီးတော်ကရော ငါးကြောက်တာလား?"
အစ်ကိုတော်က လက်ထဲကယပ်တောင်စိမ်းလေးကို ခေါက်သိမ်းလိုက်ရင်း သူ့လည်ဂုတ်သူ တဖတ်ဖတ်ရိုက်ကာ မျက်နှာရှုံ့လျက် ညည်းညူပြသည်။
"ပြည်တော်ပြန်နဲ့သွားလေ"
ဒိုင်းခနဲကျလာသည့် မျက်စောင်းကြောင့် စားနေသည့် ဖရဲသီးစိတ်ပလုတ်ပလောင်းကြားကပင် အသံထွက်အောင် ရယ်လိုက်မိသည်။ တကယ်ကို စာရေးဆရာပြောပြသလို အစ်ကိုတော့်ကို ဒေါသထွက်စေနိုင်တာ ပြည်တော်ပြန်ပဲရှိတယ်လေ။
"သွားရအောင်ပါ ညီတော်,မရှိတုန်းလေး"
အတင်းကာရော ဆွဲခေါ်နေသည့်အစ်ကိုတော်ကြောင့် နောက်ဆုံးတော့ Jiminလည်း အရှုံးပေးလိုက်ရတော့သည်။ ငါးမြှားရတာကို အဲ့လောက်တောင် ဝါသနာထုံရလား။
"ဒီနေ့စားပွဲအတွက် ကိုယ်တော်က ငါးကင်နဲ့ဧည့်ခံမယ်"
တက်ကြွနေသည့် ကြက်ဖအစ်ကိုတော်ကိုကြည့်ကာ ပြုံးလိုက်မိသည်။ အစ်ကိုတော်လို နေ့တိုင်းနီးပါး ငါးဖမ်းနေပုံမျိုးနဲ့ စမ်းချောင်းထဲလည်း ငါးရောကျန်ပါဦးမလားဟု တွေးလိုက်မိသေးသည်။
တသွင်သွင်စီးဆင်းနေသည့် စမ်းချောင်းကလေးရဲ့ရေက ကြည်လင်စိမ်းမြနေကာ ကမ်းအစပ်ကရေရိပ်မှာ ထင်ထင်ရှားရှားပေါ်နေသည့် မိမိကိုယ်ကိုယ်ပင် ပြန်မြင်နေရသည်။
"မရီးတော် အဝေးကြီးလျှောက်မသွားနဲ့နော်!"
ကလေးများလို သတိလှမ်းပေးနေသည့် အစ်ကိုတော်ရဲ့စကားကြောင့် ပြုံးလျက်ပင်ခေါင်းငြိမ့်ပြလိုက်သည်။ စာရေးဆရာနဲ့ပတ်သတ်ပြီးမှ သိကျွမ်းရတဲ့သူဆိုပေမဲ့ သူ့ကိုမိသားစုဝင်လို ဆက်ဆံပေးပြီး စိုးရိမ်ပေးကြတာတွေအတွက် တွေးမိတိုင်း ကြည်နူးရစမြဲ။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞