အပိုင်း ၂၀

12.8K 1.7K 227
                                    

အပိုင်း (၂၀)

Unicode Version

ခါတိုင်း စကားသံများနှင့် ဆူညံလျက်ရှိသော ကုန်းမြင့်ထက်ရှိအဆောင်လေးသည် ယနေ့တွင်တော့ သိသိသာသာပင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်။

"ကျောင်းဆရာလေးက ဘာပြောသေးလဲ"

အဖိုးဖြစ်သူကမေးတော့ စာရေးဆရာပေါက်စက ချက်ချင်းပင် ခေါင်းယမ်းပြလာသည်။ ထို့နောက် နောက်ဆက်တွဲအနေနှင့် သက်ပြင်းချသံသဲ့သဲ့ကိုလည်း ကြားလိုက်ရလေသည်။

"ဒါနဲ့လေ အဖိုး"

"အင်း ပြော"

ခေါင်းထဲ လက်ခနဲဖြစ်သွားသော အသိနှင့်အတူ အဖိုးဖြစ်သူအပါအဝင် မိဘနှစ်ပါးနှင့်အစ်ကိုဆော့ဂျင်တို့ကို လှမ်းကြည့်လိုက်သည်။

"အဲ့လူကို အနောက်ဘက်အဆောင်မှာတစ်ခါမြင်ဖူးတယ် ကျွန်တော်ထင်တာမမှားရင် အဲ့လူက အခု Jiminကို တွန်းချတဲ့သူနဲ့တစ်ယောက်တည်းဖြစ်လိမ့်မယ်"

"ဟုတ်လား? နေဦး အဖိုးတို့ကို အကြောင်းစုံပြောပြ"

ထိုနေ့က အနောက်ဘက်ဆောင်မှာ ကျောင်းဆရာက သူ့ကိုလိုက်ဖမ်းရင်း ဖြစ်ပျက်ခဲ့သမျှအကြောင်းအပါအဝင် ဘိုးဘွားဆောင်မှာ သရဲဟုအော်ကာ ​ရောက်ချလာသည့်အကြောင်းကိုလည်း Jungkookကပင် အကျယ်တဝင့်ရှင်းပြလိုက်သည်။

Jungkookရဲ့ ရှင်းပြမှုကြီးအဆုံးတွင်တော့ အဖိုးဖြစ်သူရဲ့ သက်ပြင်းချသံကိုကြားလိုက်ရသည်။

"စံအိမ်ထဲမှာ မကောင်းတဲ့လူရှိနေတာလား ဘယ်သူလဲဆိုတာ သေချာစုံစမ်းရမယ် ကျွန်တော်အခုပဲ.... "

"နေပါဦး ထိုင်စမ်းပါဦး မြေးရယ်"

ဖမ်းမယ် ဆီးမယ် တကဲကဲလုပ်ကာ လက်သီးလက်မောင်းတန်းနေသည့် မြေးဖြစ်သူကို အဖိုးက တရားပြန်ချရတော့သည်။ ဒီကောင်လေးကလေ အခုမှ ဘယ်လိုတွေဖြစ်သွားတာလဲ။ ဒီလိုကျတော့လည်း ကျောင်းဆရာလေးအပေါ် အတော်သံယောဇဥ်တွယ်နေတာကို မြင်လိုက်ရသည်။

"အဖိုးကလည်း ခုကတည်းကဖမ်းဖို့လုပ်မှပေါ့ နောက်ကျရင် ဒီ့ထက်ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ?"

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now