အပိုင်း ၂၃

17.5K 1.7K 222
                                    

အပိုင်း (၂၃)

Unicode Version

မနက်စောစောစီးစီး အစ်ကိုတော်တစ်ယောက် သူ၏ကိုယ်ပိုင်အဆောင်လေးထဲတွင် စာရွက်စာတမ်းတချို့နှင့်အတူ အလုပ်ရှုပ်လို့နေလေသည်။

အထက်တန်းအောင်တော့ ရှေ့နေဖြစ်ချင်သည့်ဆန္ဒကြောင့် အဖိုးJeonဆီမှာခွင့်တောင်းကာ ကျောင်းဆက်တက်ဖြစ်ခဲ့သည်။ ထို့နောက် ဂန္ဓမာစံအိမ်ကြီးရဲ့ သီးသန့်ရှေ့နေအဖြစ်နဲ့ပဲ စံအိမ်ကြီးနှင့်ပတ်သတ်သမျှ အချက်အလက်တွေအကုန်လုံးကို သူ့လက်ဝယ်ထားရှိခဲ့သည်။

ငယ်ငယ်ကတည်းက ကစားရတာနဲ့စာရေးရတာကလွဲပြီး ဘာကိုမှစိတ်မဝင်စားသည့် စာရေးဆရာပေါက်စညီတော်က အားတိုင်းသူ့အဆောင်ကိုလာပြီး မွှေတတ်လွန်းတာတာမို့လည်း ကြောင်တစ်ကောင်မွေးထားလိုက်သည်။ ဒင်းက ကြောင်ဆို တုန်နေအောင်ကြောက်တာကိုး။

အဲ့လိုနဲ့ ကြောင်မွေးပြီးနောက်ပိုင်း လာပါဆိုတာတောင် မလာတော့သည်အထိ ဖြစ်သွားတဲ့ညီတော်ပါပဲ။ နောက်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း အမွေခွဲဝေတာနဲ့ပတ်သတ်ပြီး အဖိုးJeonက မြေးငယ်ကို အသိမပေးချင်တာကြောင့်ရော ပါသည်လေ။

ဖြစ်ကြောင်းကုန်စင်ကို ပြောပြရရင် ဂန္ဓမာစံအိမ်က သူနဲ့လုံးလုံးလျားလျားပတ်သတ်ဆက်နွယ်မှုရှိသည်ဆိုတာမျိုးတော့ မဟုတ်ပါချေ။ ငယ်စဉ်ကတည်းက ဂန္ဓမာစံအိမ်ရဲ့သွေးသားအရင်းဖြစ်တဲ့ Jungkookရဲ့ တဝမ်းကွဲအစ်ကိုလို့ပဲ လူတွေကသိကြသလို သူကိုယ်တိုင်လည်း တလောကအထိ ထိုသို့ပဲ သိထားခဲ့သည်။

တကယ်ဆို အဖိုးJeonမှာ ဆက်ခံသူသားတစ်ယောက်တည်းသာ ရှိခဲ့သည်လေ။ ထိုသူကလည်း Jungkookရဲ့ ဖခင်ပင်။ ​

အဖိုးJeonနှင့် ဆွေမျိုးမကင်းသည့် သမီးအရွယ် တူမအရွယ် မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးသည်။ ထိုမိန်းကလေးက ခြံအလုပ်သမားနှင့် ချစ်ကြိုက်ကာ အဖိုးJeonတို့ သဘောမတူသည့်ကြားမှ ခိုးရာလိုက်ပြေးခဲ့သည်။ နောက်တော့ ကလေးတစ်ယောက် ဖွားမြင်ခဲ့သည်။ နာမည်က Kim SeokJin။

အဆင်မပြေမှုများကြား ခက်ခဲကြမ်းတမ်းမှုများကြား အချစ်တစ်ခုတည်းနဲ့ ဘယ်လိုမှနေမဖြစ်တော့တဲ့အဆုံး အမျိုးသမီးငယ်ဟာ ကလေးတစ်ယောက်ပိုက်လျက် ဂန္ဓမာစံအိမ်ကို ပြန်ရော​က်လာခဲ့သည်။ နောက်ဆုံးတော့ စံအိမ်အဝေးမှာ ရရှိခဲ့ရသည့် ပင်ပန်းဆင်းရဲမှုဒဏ်ကြောင့်ပဲ ကလေးငယ်လေးကို လောကအလယ် တစ်ယောက်တည်းထားကာ ထွက်သွားနှင့်ခဲ့သည်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now