အပိုင်း (၁၂)
Unicode Version
"ပြန်ရောက်လာကြပြီလား"
"ဟုတ်ကဲ့"
အဘိုးဖြစ်သူက ခေါင်းတညိမ့်ညိမ့်ဖြင့် သူတို့နှစ်ဦးရှိရာဆီ ပိုပြီးနီးကပ်သွားအောင် ခြေသုံးလှမ်းမျှတိုးလာလေသည်။
ယင်းနောက်တွင် နှစ်ဦးလုံး၏လက်ကလေးနှစ်ဖက်ကိုဆွဲယူလျက် ကျောင်းဆရာလေးရဲ့လက်ထဲသို့ မြေးဖြစ်သူရဲ့လက်ကို ထည့်ပေးကာ ခပ်တင်းတင်းဆုပ်ကိုင်လိုက်လေသည်။
"မြေးပေါက်ကို သည်းခံပေးပါနော်"
"ဗျာ"
ထိုစကားရဲ့ဆိုလိုရင်းအဓိပ္ပါယ်ကို Jiminသေချာနားမလည်ပေမဲ့ Jungkookက သူ့ထက်ငယ်လို့ ထိုသို့ပြောတာဖြစ်မည်ဟု မှတ်ယူလိုက်သည်။ ဘေးကကောင်လေးကို လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းကတစ်တောင်လောက် ဆူထော်နေနှင့်ပြီ။
"မြေးပေါက်ကလည်း ဆရာလေးကိုအနိုင်မကျင့်နဲ့ ဟုတ်ပြီလား အခုဆို ကြင်ဖက်တွေဖြစ်သွားပြီမို့ နှစ်ယောက်လုံးက အပေးယူမျှမျှနေထိုင်ရတော့မှာ"
မြေးပေါက်ဆိုသည့် နာမည်သစ်ကလေးကြောင့် Jimin ရယ်ချင်သွားရသည်။ အရပ်ရှည်ရှည် လူကောင်ကြီးကြီး ဗလတောင့်တောင့်နဲ့ မြေးပေါက်ကလေး ခိ။
"ဘာရယ်တာလဲ"
ထိန်းထားသည့်ကြားမှ ထွက်ဖြစ်အောင်ထွက်သွားတဲ့ရယ်သံကြောင့် နံဘေးကစာရေးဆရာပေါက်စက မျက်စောင်းလှမ်းချိတ်လေသည်။ မျက်စောင်းလည်း ထိုးတတ်ပြန်တဲ့မြေးပေါက်။
"ကဲပါ နှစ်ယောက်လုံး နားကြတော့"
"ဟုတ်ကဲ့"
အဘိုးအားနှုတ်ဆက်ပြီးသည်နှင့် နှစ်ယောက်လုံး အဆောင်လေးရှိရာ ကုန်းမြင့်လေးဆီကို တက်ခဲ့ကြသည်။ အဆောင်ဆီသွားနေသည့် လမ်းတစ်လျှောက် နှစ်ဦးလုံး ဘာစကားမှမဆိုမိကြ။
ခါတိုင်းထက်ပိုပြီး ဒီနေ့က စကားနည်းနေသလိုပဲ။ ပြီးတော့ မင်္ဂလာရက်ကဒီနေ့ဆိုတော့ ဒီညကလည်း.....။
"အီးဟီးဟီး!"
ရုတ်တရက်ကြီးထငိုတဲ့ အသံကြောင့် Jiminလန့်ဖျတ်သွားကာ ဘေးကလူကို ကြည့်လိုက်မိသည်။ တကယ်ကြီး ငိုနေတာဟ။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞