Ep.❤7❤

27.4K 528 19
                                    

💓အချစ်ဂိမ်း💓

  ""ငယ်..မတွေ့ရတာအတော်ကြာပြီနော်..မင်းအတော့်ကို စိမ်းကားတဲ့ကောင်ကွာ...ငါ့ကိုတစ်ခါလေးမှတောင် အဆက်သွယ်မလုပ်ဘူး..ငါဘယ်လောက်ထိ မင်းကိုစိတ်ပူနေလဲဆိုတာ မင်းမသိဘူးမလား..""

ငယ့်ကိုတွေ့တာနဲ့ စီးကြိုပြီး ရန်တွေ့နေတဲ့..လင်းလက်ကို..ငယ်အသာပြုံးပြလိုက်မိသည်။

""ဆော်တီးပါ..သူငယ်ချင်းရာ..""

""အခုမှ လာပြီး တောင်းပန်မနေပါနဲ့..ဪ..ဒါနဲ့..မင်းကို သူဌေးတစ်ယောက်က မွေးစားလိုက်တဲ့ဆိုတဲ့ အကြောင်းကို..ငါကြားတယ်..အဲ့ဒါက အမှန်ဘဲလား..ငယ် .""

လင်းလက်မေးလာတဲ့ မေးခွန်းကြောင့် ငယ်ဖျော့တော့စွာ ပြုံးရင်း ခေါင်းညိတ်ပြလိုက်၏။

""ဟေ..ဒါဆို အမှန်ဘဲပေါ့..မင်း အဆင်ပြေရဲ့လား..ငယ်..""

""အင်း..ပြေပါတယ်..""

""ဒါနဲ့..မင်းအဖေက..အရမ်းကို ရက်စက်တာဘဲနော်..တစ်ယောက်တည်းဘဲရှိတဲ့.သားလေးကို..သူများဆီမှာ မွေးစားဖို့ ပေးပစ်ခဲ့ပြီး..သူ့ကျတော့ နောက်မိန်းမယူသွားပြီး သာယာနေတယ်..""

""ဘာ.ငါ့အဖေက..နောက်မိန်းမယူသွားပြီ ဟုတ်လား..""

""ဟုတ်တယ်လေ..မင်းမသိဘူးလား.""

""အင်း.ငါမသိလိုက်ဘူး..အဖေကငါ့ကို.. ဦးတိမ်တိုက်ဆီမှာ.ထားခဲ့ပြီးတဲ့နောက်ပိုင်း.အဖေနဲ့ အဆက်သွယ်မရတော့တာ .""

""ဟုတ်လား..ဒါဆို မင်းအဖေ မြန်မာနိုင်ငံမှာ မရှိတော့ဘူးဆိုတာကိုလဲ မင်းမသိလိုက်ဘူးပေါ့.."

လင်းလက်စကားများကြောင့် ငယ် အံအားသင့်ပြီးရင်း သင့်ဖြစ်နေရတော့သည်။

""ဘာ...ငါ့အဖေက မြန်မာနိုင်ငံမှာမရှိတော့ဘူး ဟုတ်လား..""

""ဟုတ်တယ်..မင်းအဖေ..
နောက်မိန်းမယူသွားပြီး...ထိုင်းကို..ထွက်သွားပြီ ဆိုတဲ့ သတင်းကို ငါကြားလိုက်ရတာတုန်းဆို..မင်းပါ.ပါသွားတယ်လို့ ထင်နေတာ..နောက်မှ သူတို့လင်မယားနှစ်ယောက်တည်းဘဲ သွားတာလို့ ..ကြားရပြန်တော့လဲ .ငါမှာ မင်းကို စိတ်ပူလိုက်ရတာ အမောဘဲ ..ငါ့ကောင်ကြီး တစ်ယောက်တည်း ကျန်ခဲ့ရှာတာ အဆင်‌မှပြေပါ့မလား..ဆိုပြီးတော့ပေါ့..နောက်ပိုင်း မင်းမွေးစားခံလိုက်တဲ့ သတင်းကြားမှ ငါနည်းနည်း စိတ်ပူသက်သာသွားတာ..""

❤️Love and sex ❤️20+Where stories live. Discover now