ep.30

11.7K 593 80
                                    


ရက်ပေါင်း၅၅ရက်ကြာခဲ့လေပြီ..ငယ်ကိုယ့်ကို ထားသွားခဲ့တာ..ဒီနေ့နဲ့ဆို..ရက်ပေါင်း၅၅ရက်ရှိသွားပြီနော်..ငယ်..။

ဒီ၅၅ရက်လုံးလုံး..ငယ်ရှိရာဆီကို နေ့တိုင်းရောက်ဖြစ်တယ်။ ငယ်ကျေနပ်အောင် တောင်းပန်စကားတွေပြောတယ်။ ဒါပေမယ့်..ငယ်ရဲ့စိတ်က..အချိန်လာကြာလာနဲ့အမျှ ဦးတိမ်တိုက်အပေါ်မှာ ပိုပြီး အေးစက်လို့လာခဲ့တယ်။

""ငယ်..""

""ဟာ..ကျစ်..ခင်ဗျားစောစောစီးစီး ဘာလာလုပ်တာလဲ ...""

အလုပ်သွားဖို့အတွက် ပြင်ဆင်ပြီး တိုက်ခန်းကနေ အထွက် တံခါး၀မှာရပ်နေတဲ့ ဦးတိမ်တိုက်ကိုမြင်လိုက်ရတော့..ငယ်အနည်းငယ်စိတ်တိုသွားလေသည်။

ငယ်အနောက်မှာ ကပ်ပါလာတဲ့ ရန်နိုင်ရှင်းမှာလဲ..တိုက်ခန်းထဲဘဲ ပြန်၀င်သွားရမလို..ထွက်ဘဲလာရမလို..နဲ့..ဒွိဟဖြစ်သွားရလေသည်။

""ငယ်....မနေ့က နေမကောင်းဖြစ်ပြီး.အန်သေးတယ်ဆို..အခု သက်သာရဲ့လား..အလုပ်ရောသွားနိုင်လို့လား..ငယ်ရယ်...ဒီနေ့အလုပ်မသွားဘဲ..အိမ်မှာဘဲ နားနေပါလား..""

ဦးတိမ်တိုက်က ခရားရေလွှတ်သလို ..တတွတ်တွတ်နဲ့ပြောဆိုလာခဲ့လေသည်။

""ကျွန်တော်ဘာသာ နေမကောင်းဖြစ်တာ..ခင်ဗျားစိတ်ပူပေး
စရာမလိုဘူးလို့ထင်တယ်..""

""ငယ်ရယ်..မင်းဘယ်လိုပြောလိုက်တာလဲ..ကိုယ်က..အခုဆို မင်းအတွက် စိတ်ပူပေးစရာတောင် မလိုဝောာ့ဘူးတဲ့လား...ကိုယ်မင်းကို ခဏခဏတောင်းပန်ပြီးနေပြီလေ..ဒါတောင်..မင်းနည်းနည်းလေးမှတောင်..ကိုယ့်ကို ခွင့်မလွှတ်ပေး
သေးဘူးလား..ငယ်..""

""ခွင့်လွှတ်တယ်ဆိုတဲ့ စကားက..ခင်ဗျားနဲ့တန်လို့လား...နောက်ပြီးတော့..တကယ်ဘဲ..ကျွန်တော် ဆီက ခွင့်လွှတ်မှုကိုရော.ခင်‌ဗျားက.လိုချင်နေလို့လားဆိုတာ..သေချာပြန်ပြီးစဉ်းစားလိုက်ပါဦးလား..""

'"ငယ်..ကိုယ်တကယ်ဘဲ..မင်းဆီက ခွင့်လွှတ်ပေးမှုကို လိုချင်နေလို့လဲ..အခုလို..နေ့တိုင်းမင်းဆီမှာလာပြီးတောင်းပန်နေခဲ့တာဘဲလေ..မဟုတ်ဘူး...ကိုယ်အရင်က..ရှုပ်ခဲ့ပွေခဲ့တာတွေအတွက်လဲ..ကိုယ်ကောင်းကောင်းကြီး နောင်တရနေပါပြီ ငယ်..ကိုယ်အခု အရင်လိုမဟုတ်တော့ပါဘူး..အချစ်ကိုတန်ဖိုးထားတတ်လာသလို..မင်းကိုလဲ..ရင်နင့်အောင်..အရမ်းချစ်နေပါပြီ ငယ်ရယ်..""

❤️Love and sex ❤️20+Where stories live. Discover now