Ep.💓11❤

22.6K 654 34
                                    

💓အပျော်ရှာတော့မဲ့ငယ်💓

""ငယ်တို့တွေ အခန်းခွဲနေကြစို့ ကိုကြီး.."""

""ဟင်..ဘာလို့လဲ..ငယ်..""

""ငယ် ကိုကြီးနဲ့တစ်ခန်းထဲမှာ အတူတူမနေချင်တော့ဘူး..ငယ် အခန်းခွဲနေတော့မယ်..ဒါဘဲ..""

ငယ် ပြတ်သားစွာနဲ့ ဆိုလိုက်တော့ ဦးတိမ်တိုက်က အလိုမကျဟန်နဲ့.

""ဘာဖြစ်လို့လဲ..ငယ်..ဘာဖြစ်လို့ ကိုယ်နဲ့အတူ တစ်ခန်းထဲမနေချင်ရတာလဲ..""

""အဲ့ဒါ..ကိုကြီးဘာသာ အသိဆုံးဖြစ်မှာပေါ့.ဒီမှာ ကိုကြီး ငယ်က သက်မဲ့ အရုပ်လေးတစ်ရုပ်မဟုတ်ဘူး..ခံစားချက်ရှိတဲ့..နှလုံးသားရှိတဲ့..လူတစ်ယောက်ဗျ.""

""ဘယ်သူက ငယ်ကို အရုပ်တစ်ရုပ်လို ဆက်ဆံနေလို့လဲကွာ..""

""အဲ့ဒါကလဲ..ကိုကြီးအသိဆုံးဖြစ်မှာပေါ့.တော်ပြီ..စကားတွေက ဖောင်းပွလွန်းရင်..အဓိပ္ပာယ်မဲ့ကုန်လိမ့်မယ်..ငယ် တစ်ခွန်းတည်းဘဲ ပြတ်ပြတ်သားသား..ပြောလိုက်မယ်..
အခန်းခွဲပြီးနေကြစို့ ..ကိုကြီး.."""

""ငယ်..မင်းတကယ်ဘဲ ဘယ်လိုဖြစ်နေတာလဲ..ကိုယ်ဘာအမှားတွေ လုပ်မိလို့လဲ...""

ဟုမေးလာတဲ့ ဦးတိမ်တိုက်စကားများကြောင့် ငယ် ခနဲ့ပြုံးလေးပြုံးရင်း..

""ကိုကြီး ဘာအမှားမှ မလုပ်ထားပါဘူး..ကိုကြီး လုပ်နေတာတွေ အားလုံးက အမှန်တွေချည်းပါဘဲ..ငယ် ကိုကြီးကို..မဝေဖန်ရဲပါဘူးနော်..""

ဟု ပြန်ဖြေလိုက်တယ်။

ဘာအမှားတွေ လုပ်မိလို့လဲ ဟုတ်လား..
မေးတတ်ပါ့နော် ကိုကြီးရယ်..။ ငယ် သိအောင်တစ်မျိုး မသိအောင်တစ်မျိုး အပြင်မှာ တခြားကောင်လေးတွေနဲ့ အပျော်ရှာနေတာက..အမှားမဟုတ်ဘဲ..အမှန်တရားများလား..။

""တော်တော့ ငယ်ရာ..ကိုယ်ကို ပွင့်ပွင့်လင်းလင်းဘဲ ပြောပါတော့..တကယ်ဘဲ မင်းဘာဖြစ်နေတာလဲ...""

""ဟုတ်ပြီလေ..ကိုကြီးကမေးလာမှတော့..ငယ်လဲ ပြန်ဖြေပေးရမှာပေါ့..ငယ်လဲ ကိုကြီးလိုဘဲ အပျော်ရှာတော့မလို့လေ..""

""ဘာကွ..""

""ဟုတ်တယ်လေ..ကိုကြီးဘဲ ငယ်ကိုအရင်ကပြောထားတယ်လေ..ငယ်ကိုလဲ..အပျော်ရှာချင်ရင် ရှာလို့ရတယ်လို့လေ..""

❤️Love and sex ❤️20+Where stories live. Discover now