Ep.38

9.3K 385 33
                                    

        (ချေ စိတ်ကူးယဉ်ပြီး ရေးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့်မို့..ယုတ္တိမတန်သလို ဖြစ်နေရင်လဲ သည်းခံပေးကြနော်..။

    ""ဟူး..""

သုတတစ်ယောက် လေပူတစ်ချက်ကို စိတ်ရှုပ်ထွေးစွာနဲ့ မှုတ်ထုတ်ပစ်လိုက်သည်။(မျိုးသူရဲ့ သူငယ်ချင်းဆရာ၀န်သုတပါ..မေ့နေကြမှာစိုးလို့😬)

သုတ၏ မျက်၀န်းများသည်..ပူဆွေးမှုအရိပ်ယောင်များနှင့် ပြည့်နှက်နေလျက်ရှိ၏။

နေ့ချင်း ညချင်းအတွင်း ပြောင်းလဲသွားသည့်..သူ့ဘ၀.။ သူ့၏မိသားစုဘ၀။  သူ၏ ဦးလေး.ဖြစ်သူမှာလဲ..Qဆေးရုံရဲ့ဥက္ကဌကြီးရာထူးကနေ..ထုတ်ပယ်ခံရပြီး..တရားမ၀င်ဆေးဝါးမှောင်ခိုတင်သွင်းမှုနှင့်လဲ..ထောင်နန်းစံသွားခဲ့ရလေသည်။

ထိုမျှနှင့်မပြီးသေး..သုတ၏ ဖခင်သည်မှာလဲ .ကုမ္ပဏီငွေအလွဲသုံးစားလုပ်မှုနှင့် တရားစွဲဆိုခြင်းကိုလဲ ခံနေရသေးသည်။

ဦးလေးနဲ့ ဖခင်ဖြစ်သူတို့ရဲ့ အရေးကိစ္စများနှင့် ဗျာများနေစဉ်အတွင်း..သုတ၏ ညီငယ်သည်မှာလဲ..မူးယစ်ဆေးဝါးသုံးစွဲမှု..လက်‌၀ယ်တွေ့ရှိမှုနဲ့..အဖမ်းခံလိုက်ရသေးသည်။

ထိုသို့သော..အကြောင်းချင်းရာများက..စုပုံ၍ ဖြစ်ပေါ်လာတာကြောင့်..သုတ၏ မိခင်မှာ..နဂိုသွေးတိုးနှလုံးရောဂါသမားပီပီ..အိပ်ရာထဲ လဲလေတော့သည်။

သုတသည်မှာလဲ...ဦးလေးဖြစ်သူ ပြုလုပ်ထားခဲ့သည့် .အမဲစက်များကြောင့်..Qဆေးရုံကနေ.အလုပ်ထုတ်ခြင်းကိုလဲ..ခံလိုက်ရလေသည် ။

သုတအနေနဲ့..တစ်ပတ်အတွင်း..ငရဲ
တွင်းထဲသို့..ပြုတ်ကျသွားလေသည်အလား..ခံစားခဲ့ရသည် ။

""ဟား..ဟား..ဟား...ဘာတွေလဲကွာ..ငါဘာအမှားတွေများ လုပ်ခဲ့မိလို့..အခုလိုတွေ..ခံစားနေရတာလဲ..ဘာဖြစ်လို့လဲ...ဘာဖြစ်လို့လဲ...
ဘာဖြစ်လို့..ငါ့ကျမှ .လာပြီး..ကံဆိုးနေရတာလဲ...အား....""

ကားစီရာတိုင်ကို..ဒေါသတကြီး..ထုနှက်ရင်းနဲ့။ သုတ တစ်‌ယောက်ပေါက်ကွဲနေလေတော့သည်။

""မဟုတ်ဘူး..မဟုတ်ဘူး..ငါ့ကံဆိုးတာမဟုတ်ဘူး...ဒါ..ဟိုလူကြီး..ဂြိုလ်မွှေလို့ .ဖြစ်ရတာ..ဟုတ်တယ်..ဒါတွေ..အကုန်လုံး..ဖြစ်ရတာ..ဦးတိမ်တိုက်ကြောင့်...ဒင်းဂြိုလ်မွှေလို့..ဖြစ်ရတာ...ဟား..ဟား..ဟုတ်တယ်..ဒင်းကြောင့်..ဒင်းကြောင့်.
..ဟက်..ဟား..ဟား..ဘာတဲ့..ထူးငယ်ကို..သွားထိမိလို့ .အပြစ်ဒဏ်ပေးတာ..ဟုတ်လား..ငါ့ကိုလေ..ဒင်းက..ဘာမို့လို့..ငါ့ကိုလာပြီး အပြစ်ဒဏ်ခတ်ရတာလဲ...ဟား..ဟား..ဟား..
ဦးတိမ်တိုက်.  ဦးတိမ်တိုက်..
.ဦးတိမ်တိုက်.  ...ခင်ဗျားရဲ့လုပ်ရပ်တွေအတွက်..ပြန်ပြီး ပေးဆပ်စေရမယ်...မျက်လုံးတစ်ဖက်အတွက်..မျက်လုံးတစ်ဖက်...ဒင်းက..ငါ့ရဲ့မိသားစုကို လာဖျက်စီးမှတော့..ငါကလဲ..ဒင်းရဲ့မိသားစုကို
ပြန်ပြီးဖျက်စီးပြမယ် .‌ခင်ဗျားစောင့်နေ ..ခင်ဗျားစောင့်နေလိုက် .ဦးတိမ်တိုက်....ခင်ဗျားဘ၀ထဲကနေ..ထူးငယ်ဆိုတဲ့..ကောင်ကို..အစိမ်းလိုက် ဆွဲထုတ်ပြမယ်...စောင့်နေ...ဟား...ဟား...ဟား..""

❤️Love and sex ❤️20+Where stories live. Discover now