Ep.36

11.6K 541 27
                                    

   ဆေးရုံကနေ ဆင်းလာပြီးနောက်..ငယ်ရဲ့ပစ္စည်းတွေ အကုန်လုံးနဲ့အတူ..ငယ်ကို ဦးတိမ်တိုက်က ခေါ်ဆောင်သွားခဲ့လေသည်။ ရန်နိုင်ရှင်းကတော့..သိမ်းဆည်းစရာရှိတာသိမ်းဆည်းရင်းနဲ့.သူအတွက် မရှိမဖြစ် လိုအပ်မည့် အသုံးဆောင်များကို ရွေးထုတ်ရင်းနဲ့ ကျန်ရစ်ခဲ့သည်။

ဦးတိမ်တိုက်အိမ်မှာ လိုက်နေဖို့ ဆိုတာက..ရန်နိုင်ရှင်းအတွက်..အကြီးမားဆုံး စိတ်မသက်မသာစရာ..အကောင်းဆုံးပင် ဖြစ်သည်။

သူရဲ့အချစ်က..ဘယ်လောက်ဘဲ..ပေးဆပ်မှုဆန်ဆန်နဲ့ ဖြူစင်နေပါစေဦးတော့...ကိုယ့်ချစ်ရတဲ့သူ က တခြားသူရင်ခွင်မှာ ပျော်ရွှင်နေတာကို စိတ်သဘောထားကြီးကြီးနဲ့
ထိုင်ကြည့်နေဖို့ဆိုတာက..ဖြစ်မှမဖြစ်နိုင်တာလေ .။ ဘယ်လောက်ဘဲ..ချစ်ရတဲ့သူ ပျော်ရွှင်နေဖို့  ..ချစ်ရတဲ့သူပြုံးပျော်နေဖို့က အရေးကြီးဆုံးဆိုပေမယ့်လဲ..။

တခြားသူရဲ့ရင်ခွင်မှာ ပြုံးပျော်နေတာမျိုးကို မျက်စိရှေ့မှာ မြင်တွေ့နေရပြန်ရင်.လဲ..နှလုံးသားက တဆစ်ဆစ်နဲ့ နာကျင်လာမှာ အမှန်ပင်။

တကယ်တော့ တစ်ဖက်သတ်အချစ်ဆိုတာ..ပဒိုင်းသီးလိုဘဲ .ဆုပ်ထားရင်လဲစူးမယ်..စားမိပြန်ရင်လဲ..ရူးဦးမယ်ဆိုတဲ့ အဖြစ်မျိုး .။ လက်လွှတ်ဖို့ကိုလဲ..မရဲသလို..ရယူပိုင်ဆိုင်ဖို့ အတွက်ကလဲ..မသေချာဘူး.။

""ရှင်း..မင်းဘာလုပ်နေတာလဲ..""

""ဪ..ဇွဲထက်..ငါဆီဘာလာလုပ်တာလဲ..""

""ဘာလာလုပ်ရမှာလဲ..မင်းကိုရဲဖမ်းသွားတယ်လို့ ကြားလို့..လာခဲ့တာ..အဲ့ဒါအမှန်ဘဲလား...""

""အင်း ဒါပေမယ့်..ငါအဖမ်းခံရတာ မဟုတ်ပါဘူး..ငယ့်ကို လာဖမ်းသွားကြတာ..""

""ဟမ်..ဘယ်လို..ထူးငယ်ကိုလာဖမ်းတာ ဟုတ်လား..""

""ဟုတ်တယ်..လာ ထိုင်..ဖြစ်ပျက်ခဲ့သမျှအကုန်..ငါပြောပြမယ်..ဒီလိုကွ..""

ရန်နိုင်ရှင်းက စကားအစချီလိုက်ပြီး..အစဆုံး အကုန်လုံးကို ဇွဲထက်အား ပြောပြလိုက်၏။

""ဪ..အဲ့လိုလား..ဒါဆို..ဟို မျိုးသူဆိုတဲ့လူဆီမှာ ကိုယ်၀န်က တကယ်မရှိခဲ့ဘူးပေါ့...တကယ်ကိုယ်၀န်ရှိနေတာက..ထူးငယ်ပေါ့..ဟုတ်လား.
.ကံကြမ္မာကလဲ ဆန်းကြယ်လိုက်တာကွာ...""

❤️Love and sex ❤️20+Where stories live. Discover now