ep.34 +++

26.6K 549 38
                                    

(🚨Big warning 🚨21+အနည်းငယ် မှောင်ပါမယ်🌚🌚🌚။

"""ငယ်...သတိထားပါဦး..
ငယ်...ငယ်...""

ရင်ခွင်ထဲမှာ ငြိမ်သက်စွာ လဲလှောင်းနေတဲ့ ငယ်ကိုယ်လေးကို အသာလှုပ်ရမ်းရင်း..ဦးတိမ်တိုက် ဆောက်တည်ရာမရ ဖြစ်နေလေတော့သည်။

""ငယ်..ဘာဖြစ်လို့လဲ..""

ဦးတိမ်တိုက်ရဲ့ အသံကြောင့် တိုက်ခန်းတံခါး၀နားမှာဘဲ ရှိနေသေးတဲ့ ရန်နိုင်ရှင်းတစ်ယောက် အခန်းအပြင်ဘက်ကို ကပျာကယာနဲ့ ပြေးထွက်လာခဲ့သည်။

""ငယ်..မူးလဲသွားလို့...'"

""အဲ့ဒါဆိုရင်လဲ .ငယ့်ကို ဆေးရုံအမြန်ပို့မှဖြစ်မှာပေါ့ ဗျာ့ ..""

ဦးတိမ်တိုက်လဲ .ငယ်ကိုယ်လေးကိုပွေ့ချီလိုက်ပြီး...

""ဟုတ်တယ်..ငယ့်ကို ဆေးရုံအမြန်ပို့မှဖြစ်မယ် ..ရန်နိုင်ရှင်း..သံလုံးကို အမြန်သွားပြောလိုက်ပါ .ကားကိုအဆင်သင့်ပြင်ထားပါလို့...""

""ဟုတ်ပြီ .""

ရန်နိုင်ရှင်းက ခေါင်းညိတ်ပြလိုက်ပြီး
သံလုံးအား ကားအဆင်သင့်ပြင်ထားဖို့ရန် အရင်ကြိုပြီး သွားပြောဖို့ရန်
.ထိုနေရာကနေ အလျှင်မြန်ပြေးထွက်သွားလေတော့သည်။

❤️❤️❤️

""ဒေါက်တာ....ငယ့်က ဘာဖြစ်တာလဲဟင်...ဘာဖြစ်လို့ မူးလဲသွားရတာလဲ..""

ငယ့်ကို စမ်းသပ်‌စစ်ဆေးနေသော..ဒေါက်တာအား ဦးတိမ်တိုက်..ထူထူပူပူနဲ့ စိုးရိမ်တကြီး မေးလိုက်၏။

""သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး..လူနာက အားနည်း‌ပြီး မူးလဲသွားတာပါ...""

ဟု ဒေါက်တာ တွေးတွေးဆဆလေးနဲ့ ပြောလာခဲ့သည်။

""အင်း..တစ်ခုတော့ရှိတယ်.လူနာရဲ့ပုံစံက..ကိုယ်၀န်ရှိနေသလို လက္ခဏာမျိုး ပြနေတော့...သေချာလေး စမ်းသပ်စစ်ဆေးဖို့တော့ လိုတယ်ဗျာ့..""

ဟု ထပ်လောင်း၍ ပြောကြားလာခဲ့ပြန်သည်။

""ကိုယ်၀န်..ဟုတ်လား...ဒေါက်တာ...ငယ့်ဆီမှာ..ကိုယ်၀န်ရှိနေပြီလို့..ပြောချင်တာလား...""

ဦးတိမ်တိုက်က အံ့ဩတကြီးနဲ့ မေးလိုက်၏။

""ဟုတ်ကဲ့..လူနာဆီမှာ ကိုယ်၀န်ရှိနေပြီလို့တော့ .ကျွန်တော် ထင်တယ်..
ဒါပေမယ့်..သေချာအောင်တော့..စမ်းသပ်စစ်ဆေးလိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်..""

❤️Love and sex ❤️20+Where stories live. Discover now