ep.,24++-

26.4K 707 109
                                    

🚨နောက်ဆုံးအကြိမ်🚨

ငယ် ပြန်လာတော့ အိမ်မှာ ကိုကြီးကိုမတွေ့ရဘူး..။ အင်းပေါ့..အခုချိန် မျိုးသူနားမှာဘဲ ရှိနေမှာပေါ့..။ ငယ် နာကျင်စွာ တွေးလိုက်ပြီး..ငယ်အခန်းထဲကို၀င်လာခဲ့လိုက်တယ်။

ငယ်အတွက် ယူစရာ ငယ့်ပိုင်ဆိုင်ရာ ပစ္စည်းတွေက များများစားစား သိပ်ပြီး မရှိပါဘူး..။ ငယ် မိသားစုဓာတ်ပုံတွေနဲ့..ငယ်ရဲ့အင်္ကျီ၃ထည်၄ထည်လောက်လေးဘဲရှိတာပါ..။

ငယ်လဲ ငယ်ပစ္စည်းတွေ အင်္ကျီတွေကို .ငယ်ပိုင်ဆိုင်တဲ့ ကျောပိုးအိတ်အဟောင်းလေးထဲ ထိုးသိပ်ပြီ ထည့်လိုက်တယ်။ ဟက်..ငယ်ရဲ့ ပိုင်ဆိုင်မှုတွေက..ကျောပိုးအိတ်တစ်လုံးစာတောင်မှ မပြည့်ချင်..။

ကိုကြီး ငယ့်ကို ပေးထားတဲ့ ဖုန်းတွေ နာရီတွေ .ဘဏ်ကဒ်တွေ..ငွေသားပိုက်ဆံတွေအပြည့်နဲ့..ပိုက်ဆံအိတ်‌
တွေကို..စားပွဲပေါ်မှာ အစီရီနဲ့ ဘဲငယ် ထားခဲ့လိုက်တယ်။

ကိုကြီးနဲ့ပတ်သက်ခဲ့သမျှ အရာတွေ အားလုံးကို ငယ်ထားရစ်ခဲ့လိုက်ပါပြီ..။ နုတ်ဆက်ခဲ့ပါတယ် .။

ငယ် ကျောပိုးအိတ်လေးကို ပုခုံးပေါ်မှာ လွယ်လိုက်ပြီး.အခန်းထဲကနေ ထွက်လာခဲ့တယ်။

""ငယ်..မင်းဒါ ..ဘယ်ကိုသွားမလို့လဲ..""

အိမ်ကို ပြန်ရောက်လာပြီဖြစ်တဲ့
ကိုကြီးက ငယ်ကိုကြည့်ရင်း..ကြောင်အစွာနဲ့ မေးလာခဲ့တယ်။

""ငယ်..ထွက်သွားတော့မယ်..ကိုကြီးနဲ့ အတူ ငယ် ဆက်ပြီး အတူ‌မနေချင်တော့ဘူး..""

ငယ် အေးဆေးတည်ငြိမ်စွာနဲ့ပြတ်ပြတ်သားသားဘဲ ဆိုလိုက်တော့တယ်။

""ဘာ.မင်းက ထွက်သွားမယ်..ဟုတ်လား..""

""ဟုတ်တယ်..ငယ် ထွက်သွားတော့မယ် .""

"မင်း ထွက်မသွားရဘူး..ငါလုံး၀ ခွင့်မပြုနိုင်ဘူးနော်..ငယ်..""

ဦးတိမ်တိုက်က..ဒေါသတကြီးနဲ့ ဆိုသည်။

""ကိုကြီးထွက်သွားခွင့်မပြုလဲ...ငယ်ကတော့ထွက်သွားမှာဘဲ .'"

ငယ်ကလဲ.ပြန်လည်၍ အော်ပြောလိုက်ပြီး.ထိုနေရာကနေ ထွက်သွားဖို့ရန် ကြိုးစားလိုက်၏။

❤️Love and sex ❤️20+Where stories live. Discover now