ep.29

11.9K 595 45
                                    


""ကိုယ်..မင်းနဲ့စကားနည်းနည်းပြောချင်တယ်..ရန်နိုင်ရှင်း ရမလား..""

ရုတ်တရက်ကြီး ဘားဆိုင်ကို ရောက်ချလာတဲ့ ဦးတိမ်တိုက်ကြောင့် ရန်နိုင်ရှင်း အနည်းငယ် စိတ်အနှောင့်ယှက်ဖြစ်ရပေမယ့်လဲ..အသာပြုံးတုံ့ရင်း..

""ဟုတ်ကဲ့..ကျွန်တော်ကို ပြောစရာရှိတယ်ဆိုတော့..ငယ်နဲ့ပတ်သက်တာတွေဘဲ..ဖြစ်မယ်ထင်တယ်..""

""ဟုတ်တယ်.မင်းသိထားရမဲ့..ငယ်နဲ့ပတ်သက်တဲ့ စရိုက်တချို့ကို..ပြောပြချင်လို့ပါ..""

ဦးတိမ်တိုက်က အေးဆေးတည်ငြိမ်စွာနဲ့ ဆိုလာခဲ့လေသည်။ ရန်နိုင်ရှင်းကလဲ..ငယ်နဲ့ပတ်သက်လာတဲ့ အရာမှန်သမျှကို..မြတ်နိုးတန်ဖိုးထားသူဆိုတော့..ဦးတိမ်တိုက်ပြောလာမဲ့ အကြောင်းရာကို နားထောင်ပေးဖို့ရန်..သဘောတူလိုက်တယ်။

ချောင်ချတဲ့ စားပွဲဝိုင်းမှာ သူတို့တွေ နေရာယူလိုက်ကြပြီး..စကားစမြည်ပြောဆိုလေတော့သည်။

""ငယ်က..အခုဆို...ငါဆီကနေ ထွက်သွားတာ....၁၅ရက်တောင်ရှိသွားခဲ့ပြီ..သူပုံစံကိုကြည့်ရတာလဲ..ငါ့ကို..လွယ်လွယ်လေးနဲ့ ပြန်ပြီး ခွင့်လွှတ်ပေးမဲ့ပုံ မပေါ်သေးဘူး..""

ဟု ဦးတိမ်တိုက်ဘက်ကနေ အရင် စပြောလာခဲ့သည်။

""ဒါတွေ အားလုံးက..ခင်‌ဗျားလုပ်ခဲ့တဲ့..အပြစ်တွေရဲ့..ဆိုးကျိုးတွေဘဲလေ...ခင်ဗျားကြောင့်..ကွဲကြေသွားခဲ့ရတဲ့..ငယ်ရဲ့နှလုံးသားလေးက..အချိန်အတော်ကြာတဲ့အထိ..ပြန်ကောင်းလာဦးမှာ မဟုတ်သေးဘူး..သူရခဲ့တဲ့..ဒဏ်ရာက.အရမ်းကိုနက်ရှိုင်းလွန်းတာကြောင့်..သူ လွယ်လွယ်နဲ့တော့..ခင်‌ဗျားကို ခွင့်လွှတ်မှာ မဟုတ်ဘူး..""

""ဟင်း...သိပါတယ်..ဒါတွေအားလုံးက..ကိုယ်ဖန်တီးမိခဲ့တဲ့..အပြစ်တွေကြောင့်ဆိုတာ..နောက်ပြီး..ကိုယ်ဘက်ကလဲ..လွယ်လွယ်လေးနဲ့..ငယ်ကို လက်လွှတ်ခံမှာလဲ မဟုတ်ဘူး.ငယ် ကိုယ့်ကိုပြန်ခွင့်လွှတ်ပေးလာမဲ့အချိန်ထိ..ကိုယ်ကစောင့်နေမှာ..နေ့တိုင်း.နေ့တိုင်း..ငယ်ရဲ့ရှေ့မှာ..ကိုယ်လာပြီး.တောင်းပန်နေဦးမှာဘဲ...""

""ခင်ဗျား ငယ့်ကို အရမ်းချစ်တယ်ဆိုရင်လဲ..ဘာဖြစ်လို့..အစကတည်းက..ငယ်ကို တန်ဖိုးမထားခဲ့ရတာလဲ..ခင်‌ဗျား.အစကတည်းက...ငယ်ကို တန်ဖိုးထားပြီ..ချစ်ခဲ့သင့်တာ..ငယ်တစ်ယောက်တည်းကိုဘဲ..ခင်ဗျားရဲ့ အချစ်တွေ အားလုံးကို ပုံအပ်ပြီးချစ်ခဲ့သင့်တာ..ခင်ဗျားရဲ့ နှလုံးသား..
ခင်ဗျားရဲ့အသက်..ခင်ဗျားရဲ့ဘ၀တစ်ခုလုံး..အကုန်လုံး..ငယ်တစ်ယောက်တည်းဆီမှာဘဲ..ပုံအပ်ပြီး ချစ်ခဲ့သင့်တယ်..ဦးတိမ်တိုက်...အခုတော့..ခင်ဗျားက..အဲ့လိုမျိုး ငယ့်ကို မချစ်ခဲ့တဲ့အပြင်...ကိုယ့်ရဲ့ကုမ္ပဏီက ၀န်ထမ်းဖြစ်တဲ့ မျိုးသူဆိုတဲ့ကောင်နဲ့ ငယ့်ကွယ်ရာမှာတောင် မဟုတ်ဘဲ..ငယ်မျက်စိရှေ့.မှာတင်..ပေါ်တင် ကလေးတစ်ယောက်ရအောင်ထိကို ဖောက်ပြန်ပြလိုက်သေးတယ်လေ မဟုတ်ဘူးလား..."'

❤️Love and sex ❤️20+Where stories live. Discover now