ep💓18💓

15.4K 755 115
                                    

💓ငယ်..ကိုကြီးကို ဆက်ပြီး မချစ်သင့်တော့ဘူး💓

ဒီနေ့ညက..ငယ်အတွက် တော့ ကမ္ဘာပျက်တဲ့ည တစ်ညလို ရှည်ကြာနေဦးမှာ သေချာပါတယ်။

""ငယ်လေး..ဘာဖြစ်လို့လဲ..""

ငယ် မျက်နှာမကောင်းတာကို မြင်တော့ ကိုကိုက စိုးရိမ်တကြီးနဲ့ ငယ်ကိုမေးရှာတယ်။ ငယ် ခေါင်းကိုခါရမ်းပြလိုက်ပါတယ်။

""ငယ် ..မင်းရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ..မင်းပြောပြမှ ..ကိုကိုက သိမှာပေါ့..ငယ်..မင်းပင်ပန်းနေရင်လဲ .ပင်ပန်းနေပြီလို့ ပွင့်ပွင့်လင်းလင်းဘဲ..ကိုကိုပြောပြလိုက်စမ်းပါကွာ..တစ်ယောက်တည်း ကြိတ်မှိတ်ပြီး ခံစားမနေပါနဲ့လား..""

ကိုကိုက ငယ်ရဲ့လက်ကို ယုယုယယ ဆုပ်ကိုင်ရင်းနဲ့ဆိုလာခဲ့တယ်။
ဟုတ်သားဘဲ..ငယ်က အခုဆို..တစ်ယောက်တည်းမှ မဟုတ်
တော့တာ...။ ငယ်ဆီမှာ ငယ်ရင်ဖွင့်လို့ရတဲ့ ကိုကိုရှိနေပြီဘဲ..။

""ကိုကို ..ဒီနေ့ရဲ့..မွေးနေ့ရှင်က..ဘယ်သူလို့ ကိုကိုထင်လဲ..""

ဆိုင်းမဆင့်ဗုံမဆင့်..အရင်းမရှိအဖျားမရှိနဲ့ မေးလိုက်တဲ့ ငယ်မေးခွန်းကြောင့်..ကိုကိုခဏလောက်တော့ ကြောင်သွားပြီး...

""အဲ့ဒါကို..ကိုကိုဘယ်လိုသိမှာလဲ..""

""မျိုးသူ..""

""ဘာရယ်..""

""ဒီနေ့..ဒီဆိုင်မှာ မွေးနေ့ပွဲလာလုပ်တဲ့သူက..မျိုးသူတဲ့လေ..ကိုကို..""

""ဟင်..ဘယ်လို..မျိုးသူဆိုတာ..ငယ် ကိုကြီး နဲ့ဖောက်ပြန်နေတဲ့သူတစ်ယောက်လား..""

""အင်း..ဟုတ်တယ်..ကိုကို..ကြည့်ရတာ..သူရဲ့မွေးနေ့ပွဲကို..စီစဉ်ပေးတဲ့သူက..ကိုကြီးဘဲနေမှာပေါ့.
ဟား..ဟား..ဟား..""

ငယ် ပြောရင်းနဲ့ ခြောက်ကပ်စွာ အော်ရယ်နေမိတယ်။ ငယ် ရယ်နေပေမယ့်လဲ .ငယ့်ရဲ့ရယ်သံတွေက..တုန်ယင်နေပြီး ကွဲအက်နေခဲ့တယ်။

ကိုကိုက ငယ်ကို ဂရုဏာသက်စွာနဲ့ စိုက်ကြည့်နေပြီး နောက်တော့ ငယ်ကိုယ်လေးကို..ကြင်နာစွာနဲ့ ပွေ့ဖက်လာတယ်။ ငယ်ရဲ့ခေါင်းလေးနဲ့ ကျောလေးကို သူလက်နဲ့ ညင်သာစွာ ပွတ်သပ်ပေးရင်းနဲ့ ငယ့်ကို နှစ်သိမ့်ပေးနေရှာတယ် ။

❤️Love and sex ❤️20+Where stories live. Discover now