ep.❤️23❤️

14.9K 758 154
                                    

❤️နှစ်သိမ့်ဖော်❤️

ရန်နိုင်ရှင်းဆီကို မျက်ရည်စတွေနဲ့အတူ ရောက်ချလာတဲ့ ငယ်..။
ရန်နိုင်ရှင်းရင်ထဲ စိုးရိမ်ပူပန်မှု့တွေနဲ့ ပြည့်နှက်သွားခဲ့ပေမယ့်လဲ..ကောင်လေးကို..ဘာဖြစ်လာခဲ့တာလို့လဲ..မမေးရဲ..။ ကောင်လေးက..ဘာတစ်ခွန်းမှ မပြောနိုင်လောက်အောင်ထိကို..သူ့ရင်ခွင်ထဲ..ခေါင်းလေးတိုး၀င်ပြီး..အသည်းသန်ကို ငိုကြွေးနေခဲ့လို့လေ...။ ကောင်လေးနုတ်ကနေ ဘာတစ်ခွန်းမှ မပြောလာခဲ့ပေမယ့်လဲ..ကောင်လေးငိုရတဲ့အကြောင်းရင်းက..သူ့ရဲ့ချစ်သူ ဦးတိမ်တိုက်ကြီးကြောင့်ဆိုတာကိုတော့..ရန်နိုင်ရှင်း အနည်းနဲ့အများ ရိပ်မိနေခဲ့တယ်။

ဟူး..ငါ မင်းအစား အရမ်းဘဲ ရင်နာတယ်..ငယ်ရယ်..။ မငိုပါနဲ့တော့လို့လဲ..ငါမတားရက်ဘူး..။မင်းကို ဒီလောက်ထိ ရက်စက်နေတဲ့ အဲ့လူကြီးကို..ခါးခါးသီးသီး မုန်းပစ်လိုက်စမ်းပါလို့လဲ..မဆိုရက်ဘူး.။.

ရင်ခွင်ထဲမှာ တသိမ့်သိမ့်နဲ့ ငိုရှိုက်နေတဲ့..ကောင်လေးရဲ့..ကျောပြင်ကို..အသာခပ်ဖွဖွ ပုတ်ရင်း ပွတ်သပ်ပေးရင်းနဲ့ဘဲ နှစ်သိမ့်ပေးလိုက်တယ်။

‌ငယ်တစ်ယောက် ငိုရင်းနဲ့ မောလာပြီး..ရန်နိုင်ရှင်းရင်ခွင်ထဲမှာ အိပ်ပျော်လို့သွားခဲ့တယ်။ ရန်နိုင်ရှင်းလဲ..ငယ်ကိုယ်လေးကို ပွေ့ချီလိုက်ပြီး သူ့အိပ်ခန်းထဲက ကုတင်ပေါ်မှာဘဲ သိပ်ထားလိုက်ရတယ်။

မျက်ရည်စတွေနဲ့ အိပ်ပျော်နေတဲ့ .ချစ်စဖွယ်ကောင်လေးရဲ့ နဖူးလေးကို..ရန်နိုင်ရှင်း မြတ်မြတ်နိုးနိုးနဲ့ ခိုးနမ်းလိုက်မိသေးတယ်။ ဘာကြောင့်လဲ .သူ မသိဘူး..။ နောက်ပြီး..သူဆီမှာ ဘာအကြောင်းပြချက်မှ မပေးနိုင်လောက်အောင်ထိကို သူ..ကောင်လေးကို ချစ်နေမိပြီလေ .။ ‌ဘယ်အချိန်က..စပြီး ဒီကောင်လေးကို ချစ်မိသွားတာလဲဆိုတာ..သူမသိဘူး..။ဒီကောင်လေးနဲ့ စတွေ့တွေ့ချင်းတုန်းကလဲ..ဖြစ်နိုင်သလို..။သူ့ကို..ဟန်ဆောင်ရည်းစားလုပ်ပေးဖို့ တောင်းဆိုလာတုန်းကလဲ..ဖြစ်နိုင်တယ်..ဒါမှမဟုတ် အတူသွား အတူလာနဲ့ အနေနီးသွားခဲ့လို့..ချစ်မိသွားတာလဲ ဖြစ်နိုင်တာဘဲ.။ ဒါပေမယ့်..ရန်နိုင်ရှင်း အဲ့ဒါကို အဖြေရှာနေမှာ မဟုတ်ဘူး..။

❤️Love and sex ❤️20+Where stories live. Discover now